15-3-2013
ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးနန္ဒာလှမြင့် မြို့ကြီးကျေးရွာ ပါတီဝင်များနှင့် ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေး
ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးနန္ဒာလှမြင့် သည် တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာသို့ သွားရောက်ပြီး မြို့နယ်ပါတီအတွင်းရေးမှူး ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံပြီး ကျေးရွာ ဓမ္မာရုံ အသစ် ပြန်လည် တည်ဆောက်ရေး၊ ကျေးရွာ ဆက်သွယ်ရေးနှင့် နိုင်ငံရေးအမြင် ဆွေးနွေးခြင်းများ၊ ရင်းနှီး ပွင့်လင်း စွာ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးနန္ဒာလှမြင့် မြို့ကြီးကျေးရွာ ပါတီဝင်များနှင့် တွေ့ဆုံစဉ်
ထို့နောက် ပြည်နယ်ကော်မတီဝင်က ရှေးဟောင်းသမိုင်းဝင် ငါးဆူဘုရားရုပ်ပွားတော်များ ရွှေသင်္ကန်း ကပ်လှူရန်အတွက် အလှူငွေကျပ် (၅၀၀,၀၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။