You must have the Adobe Flash Player installed to view this player.

ဖွဲ့စည်းတည်ဆောက်မှု

ဖွဲ့စည်းတည်ဆောက်မှု

ပါတီအဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းတည်ဆောက်မှု

ရည်ရွယ်ချက်

ပါတီအဖွဲ့အစည်း အဆင့်ဆင့်၏ ဖွဲ့စည်းပုံကို မျက်မှောက်ကာလ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒီမိုကရေစီအရေး၊ အခြေအနေ အရပ်ရပ်တို့နှင့် လိုက်လျောညီစွာ ရှိရေးအပြင် ဖွဲ့စည်းမှု ကျစ်လျစ်သိပ်သည်း ခိုင်မာရေး၊ ပိုမိုတိုးချဲ့ဖွဲ့စည်းရေး၊ စနစ်ကျသော ခေါင်းဆောင်မှုကို တည်ဆောက်လေ့ကျင့်ပြီး၊ ဦးဆောင်မှုနှင့် ကွပ်ကဲမှုထိရောက်ရေး၊ ခေါင်းဆောင်မှု အခန်းကဏ္ဍမြင့်မားရေး၊ တညီတညွတ်တည်း လိုက်ပါဆောင်ရွက်ရေး၊ ပါတီအတွင်း ပါတီဝင်တစ်ဦးစီမှ ပါတီဗဟိုကော်မတီအထိ အပြန်အလှန် တင်ပြချက်များ၊ အကြံပြုချက်များ၊ လက်တွေ့လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်နိုင်ရေး၊ ပါတီ၏ ရည်ရွယ်ချက်၊ မူဝါဒ၊ ယုံကြည်ချက်၊ ခံယူချက်၊ လုပ်ငန်းစဉ်တို့အား ပါတီဝင်များမှ တစ်ဆင့် ကျယ်ပြန့်သော လူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရေး၊ စည်းကမ်းရှိ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်နှင့် ဒီမိုကရေစီစနစ်သို့ ပြည်သူတို့ကို ဦးဆောင်၍ ချီတက်သွားနိုင်ရေးနှင့် ပါတီအထက်အဖွဲ့အစည်း အဆင့်ဆင့်၏ လမ်းညွှန်မှုကို အောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်တို့က တိကျစွာခံယူ၍ ပိုမိုထိရောက် သွက်လက်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် စနစ်တကျ ကျစ်လျစ်စွာ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။


ပါတီ၏ အဖွဲ့အစည်းများ

ပါတီအဆင့်ဆင့်ကို အောက်ပါအတိုင်း ဖွဲ့စည်းသွားရန် ဖြစ်ပါသည်-

(က) အခြေခံအဖွဲ့။

(ခ) ရပ်ကွက် (သို့အဟုတ်) ကျေးရွာအုပ်စုပါတီအဖွဲ့။

(ဂ) မြို့နယ်၊ မြို့နယ်ခွဲ ပါတီကော်မတီ။

(ဃ) ခရိုင်ပါတီကော်မတီ။

(င) တိုင်းနှင့်ပြည်နယ် ပါတီကော်မတီ။

(စ) ဗဟိုအလုပ်အမှုဆောင် ကော်မတီ။

(ဆ) ပါတီဗဟိုကော်မတီ။

(ဇ) ပါတီညီလာခံ။


အခြေခံအဖွဲ့

အခြေခံအဖွဲ့များသည် ပါတီ၏ အခြေခံအကျဆုံးသော အဖွဲ့အစည်းဖြစ်ပြီး ပါတီဝင်မျာဖြင့်သာ ဖွဲ့စည်းရန်ဖြစ်သည်။ ပါတီဝင်တစ်ဦးစီအား ပါတီကို ယုံကြည်သော ပါတီမိတ်ဆွေများဖြင့် ၀န်းရံရမည်။ ၄င်းကဲ့သို့ ၀န်းရံခြင်းကို ပါတီမိတ်ဆွေဟု ခေါ်သည်။ ၄င်းအခြေခံအဖွဲ့များသည် ပါတီဝင်တစ်ဦးချင်း၏ လှုပ်ရှားမှုကို အဖွဲ့လိုက် လှုပ်ရှားမှုဖြစ်စေရန် လည်းကောင်း၊ ခေါင်းဆောင်မှုနှင့် ကွပ်ကဲမှု ထိရောက်စေရန် လည်းကောင်း၊ ပြည်သူများ၏ ဆန္ဒနှင့် ခံစားချက်မျာကို ပါတီ၏ စည်းရုံးလှုပ်ရှားမှုနှင့် ဆက်သွယ် ပေါင်းကူးပေးနိုင်ရန် လည်းကောင်း စုစည်းထားသော အဖွဲ့အစည်းဖြစ်သည်။ ပါတီအနေဖြင့် လိုအပ်ချိန်တွင် လိုအပ်သလို အင်အားကို စုစည်းပြီး ခေါင်းဆောင်မှု၊ ကွပ်ကဲမှု အဆင့်ဆင့်ဖြင့် စနစ်တကျ ထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် အခြေခံအဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အခြေခံအဖွဲ့။ ။ ၄င်းအဖွဲ့တွင် ခေါင်းဆောင်တစ်ဦး၊ ဒုတိယခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင် (၈)ဦး၊ စုစုပေါင်း (၁၀)ဦးပါဝင်မည်။ ခေါင်းဆောင်တစ်ဦးနှင့် ဒုတိယခေါင်းဆောင် တစ်ဦးတို့ကို အဖွဲ့ဝင်များအတွင်းမှ ရွေးချယ်တင်မြှောက်ရမည်။

(ခ) အခြေခံအဖွဲ့စိတ်။ ။ ၄င်းအဖွဲ့ကို အခြေခံအဖွဲ့ (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းရမည်။ အရေအတွက်အားဖြင့် စုစုပေါင်း (၁၀၀)ဦး ပါဝင်ရမည်။ ၄င်းအဖွဲ့တွင် ခေါင်းဆောင် (၁)ဦးနှင့် ဒုတိယခေါင်းဆောင် (၁)ဦးရှိရမည်။ ၄င်းခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့ကို အခြေခံ အဖွဲ့ခေါင်းဆောင်များထဲမှ ရွေးချယ်တင်မြှောက်ရမည်။

(ဂ) အခြေခံအဖွဲ့စု။ ။ ၄င်းအဖွဲ့ကို အခြေခံအဖွဲ့စိတ် (၁၀)စိတ်ဖြင့် ဖွဲ့စည်းရမည်။ အရေအတွက်အားဖြင့် စုစုပေါင်း (၁၀၀၀)ဦးပါဝင်ရမည်။ ၄င်းအဖွဲ့တွင် ခေါင်းဆောင်(၁)ဦးနှင့်  ဒုတိယခေါင်းဆောင် (၁)ဦးရှိရမည်။ ၄င်းခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့ကို အခြေခံအဖွဲ့စိတ် ခေါင်းဆောင်များထဲမှ ရွေးချယ်တင်မြှောက်ပေးရမည်။

၎င်းအခြေခံအဖွဲ့များသည် ကျေးရွာတစ်ခုချင်းကိုသော် လည်းကောင်း၊ ရပ်ကွက်၏ လမ်းတစ်ခုချင်းကိုသော် လည်းကောင်း အခြေခံ၍ ဖွဲ့စည်းရမည်။ အခြေခံအဖွဲ့၊ အခြေခံအဖွဲ့စိတ်၊ အခြေခံအဖွဲ့စုများကို အဖွဲ့ဝင် အရေအတွက်ပေါ်မူတည်၍ အပိုအလိုဖြင့် ဖွဲ့စည်းနိုင်သည်။ ဥပမာ- ကျေးရွာတစ်ရွာ သို့မဟုတ် ရပ်ကွက်တစ်ခုတွင် ပါတီဝင်အင်အား (၂၄)ဦးပါရှိပါက အခြေခံအဖွဲ့ကို (၈)ဦးပါဝင်သော အဖွဲ့ (၃)ဖွဲ့ဖြင့် လည်းကောင်း၊ သို့မဟုတ် (၁၂)ဦးစီပါဝင်သော အဖွဲ့(၂)ဖွဲ့ဖြင့် လည်းကောင်း ဖွဲ့စည်းရန် ဖြစ်သည်။

အခြေခံအဖွဲ့စိတ်နှင့် ပတ်သက်၍ ပါတီဝင်ဦးရေ (၅၀)ဦးနှင့် အထက်ရှိပါက အခြေခံအဖွဲ့စိတ် တစ်ခုအဖြစ် ဖွဲ့စည်းရမည်။ ၄င်းအခြေခံအဖွဲ့စိတ် ဖွဲ့ရာတွင် ပါတီဝင်ဦးရေ (၁၅၀)ဦးနှင့်အထက် ရှိပါက အခြေခံ အဖွဲ့စိတ်နှစ်ခုဖွဲ့ရန် ဖြစ်သည်။ ၄င်းမူအတိုင်း ပါတီဝင်ဦးရေ (၂၅၀)ဦးနှင့်အထက် ရှိပါက အခြေခံ အဖွဲ့စိတ် သုံးခု၊ ပါတီဝင်ဦးရေ (၃၅၀)ဦးနှင့်အထက် ရှိပါက အခြေခံအဖွဲ့စိတ် လေးခု စသည်ဖြင့် ဖွဲ့စည်းရန် ဖြစ်သည်။

ထို့အတူ အခြေခံအဖွဲ့စု ဖွဲ့စည်းရာတွင် ပါတီဝင်ဦးရေ (၅၀၀)ဦးနှင့်အထက် ရှိပါက အခြေခံ အဖွဲ့စု (၁)စုအဖြစ် ဖွဲ့စည်းရမည်။ ပါတီဝင်ဦးရေ (၁၅၀၀)ဦးနှင့် အထက်ရှိပါက အခြေခံအဖွဲ့စု (၂)စု ဖွဲ့စည်းရန် ဖြစ်သည်။ ၄င်းမူအတိုင်း ပါတီဝင်ဦးရေ (၂၅၀၀)ဦးနှင့်အထက် ရှိပါက အခြေခံအဖွဲ့စု (၃)စု၊ ပါတီဝင်ဦးရေ (၃၅၀၀)ဦးနှင့်အထက် ရှိပါက အခြေခံအဖွဲ့စု (၄)စု စသည်ဖြင့် ဖွဲ့စည်းရန် ဖြစ်သည်။

ထိုကဲ့သို့ အခြေခံအဖွဲ့များ ဖွဲ့စည်းရာတွင် နီးစပ်ရာ ဆက်စပ်ဖွဲ့စည်းရန် ဖြစ်သည်။ ဥပမာ- ရပ်ကွက် သို့မဟုတ် ကျေးရွာအတွင်း၌ အခြေခံအဖွဲ့ ဖွဲ့စည်းရာတွင် နေထိုင်ရာအပိုင်း သို့မဟုတ် လမ်းအလိုက် နီးစပ်ရာ ဖွဲ့စည်းရန် ဆိုလိုသည်။ အခြေခံ အဖွဲ့စိတ်နှင့် အခြေခံ အဖွဲ့စုများ ဖွဲ့စည်းရာတွင်လည်း ထိုနည်းအတိုင်း ဆက်စပ်ဖွဲ့စည်းသွားရန် ဖြစ်သည်။

အခြေခံအဖွဲ့ခေါင်းဆောင်များ သက်တမ်းသည် (၃)နှစ်ဖြစ်သည်။ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်များကို (၃)နှစ်တစ်ကြိမ် ကျင်းပသော စုံညီအစည်းအဝေး၌ ပါတီဝင်များက ရွေးချယ်တင်မြှောက် တာဝန်ပေးရမည်။

အကြောင်းကြောင်းကြောင့် ခေါင်းဆောင်နေရာ လစ်လပ်လျှင် ၄င်းနေရာအတွက် ကြားဖြတ် ရွေးချယ်တင်မြှောက်နိုင်သည်။ ယင်းရွေးချယ်တင်မြှောက်ခံရသူ၏ သက်တမ်းသည် ရှိပြီးဖြစ်သော သက်တမ်း၏ ကျန်သက်တမ်းနှင့်အညီ ဖြစ်ရမည်။


ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီအဖွဲ့

ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီအဖွဲ့သည် အခြေခံအဖွဲ့များ၏ စည်းရုံးလှုပ်ရှားမှု၊ လုပ်ငန်းဆောင်ရွက်မှုတို့ကို အထက်အဖွဲ့အစည်းများနှင့် ဆက်စပ်ပြီး မိမိတို့ ရည်မှန်းချက် အောင်မြင်ရေးအတွက် ခေါင်းဆောင်မှုနှင့် ကွပ်ကဲမှုပေးနိုင်ရန် ဖွဲ့စည်းသော အဖွဲ့ဖြစ်သည်။ ၄င်းရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီအဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁)ခုလျှင် ပါတီအဖွဲ့ (၁)ခုစီဖွဲ့စည်းရမည်။

(ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပါတီအဖွဲ့အောက်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အကြီးအသေးကိုလိုက်၍ အခြေခံအဖွဲ့၊ အခြေခံအဖွဲ့စိတ်နှင့် အခြေခံအဖွဲ့စုများ ပါဝင်နေရမည်။

(ဂ) အချို့လူဦးရေနှင့် ပါတီဝင်အင်အား နည်းလွန်းသော ရပ်ကွက်များကိုမူ ဆက်စပ်နီးစပ်ရာ ရပ်ကွက်ချင်း စုစည်းပြီး ပါတီအဖွဲ့ကို ဖွဲ့စည်းရမည်။

(ဃ) ပါတီဝင်အင်အား အနည်းအများပေါ်မူတည်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပါတီအဖွဲ့ကို အနည်းဆုံး အဖွဲ့ခေါင်းဆောင် (၁)ဦး၊ ဒုတိယခေါင်းဆောင် (၁)ဦးဖြင့် ဖွဲ့စည်းရမည်။

(င) ၄င်းပါတီအဖွဲ့ခေါင်းဆောင်များကို အခြေခံအဖွဲ့စု ခေါင်းဆောင်များထဲမှ ရွေးချယ်တင်မြှောက်ရမည်။ အခြေခံအဖွဲ့စုမရှိပါက အခြေခံအဖွဲ့စိတ် ခေါင်းဆောင်များထဲမှ ရွေးချယ်တင်မြှောက်ရမည်။ အခြေခံအဖွဲ့စိတ်မရှိပါက အခြေခံအဖွဲ့ခေါင်းဆောင်များထဲမှ ရွေးချယ်တင်မြှောက်ရမည်။

(စ) ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီအဖွဲ့ခေါင်းဆောင်များ သက်တမ်းသည် (၃)နှစ်ဖြစ်သည်။

(ဆ) ပါတီ၏ ရည်ရွယ်ချက်များ၊ သန်္နိဌာန်၊ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် တာဝန်ဝတ္တရားများကို မိမိတို့ နယ်မြေအလိုက် ပေါ်ပေါက်နေသည့် အခြေအနေ၊ အချိန်အခါအရ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် စည်းရုံးဦးဆောင်မှုပြုရမည်။

(ဇ) မိမိလက်အောက်ရှိ အဖွဲ့များကို လိုအပ်သလို ကြီးကြပ်ကွပ်ကဲခြင်း၊ အကြံဥာဏ်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ တညီတညွတ်တည်း လိုက်ပါဆောင်ရွက်တတ်အောင်၊ အဖွဲ့လိုက် လုပ်ငန်းများ ဆောင်ရွက်တတ်အောင် လေ့ကျင့်ခြင်းများ ပြုလုပ်ပေးရမည်။

(ဈ) "စည်းရုံးမှုဖြင့် အောင်မြင်ရေး၊ အောင်မြင်မှုဖြင့် စည်းရုံးရေး " ဟူသော လုပ်ငန်းစဉ်အတိုင်း ပြည်သူလူထု၏ ချစ်ခင်လေးစား အားထားမှုကို ရယူနိုင်မည့် နည်းလမ်းအားလုံးကို အသုံးပြုရမည်။


မြို့နယ်၊ မြို့နယ်ခွဲ ပါတီကော်မတီ

မြို့နယ်၊ မြို့နယ်ခွဲ ပါတီကော်မတီများကို ပါတီက ချမှတ်ပြဌာန်းထားသော ရည်ရွယ်ချက်၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။

ပါတီက ချမှတ်ပြဌာန်းထားသော ရည်ရွယ်ချက်၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ခွဲ ပါတီကော်မတီကို ဖွဲ့စည်းထားသော်လည်း ၄င်းမြို့နယ်ခွဲ ပါတီကော်မတီများသည် သက်ဆိုင်ရာ မြို့နယ် ပါတီကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုကို ခံယူဆောင်ရွက်ရမည်ဖြစ်သည်။ မြို့နယ်၊ မြို့နယ်ခွဲ ပါတီကော်မတီများ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မြို့နယ်၊ မြို့နယ်ခွဲ ပါတီကော်မတီတွင် ပါဝင်သည့် ကော်မတီဝင်များကို ပါတီ၏ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်။

(ခ) မြို့နယ်၊ မြို့နယ်ခွဲ ပါတီကော်မတီကို ဖွဲ့စည်းရာတွင် မြို့နယ်အတွင်း ပါဝင်သည့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုနှင့် ပါတီဝင်အင်အား အနည်း၊ အများပေါ်မူတည်၍ ကော်မတီဝင် (၉)ဦးမှ (၁၅)ဦးအထိ ဖွဲ့စည်းနိုင်သည်။

(ဂ) မြို့နယ်၊ မြို့နယ်ခွဲ ပါတီကော်မတီဝင် ဦးရေကို ပါတီဗဟိုကော်မတီက အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်နိုင်သည်။

(ဃ) မြို့နယ်၊ မြို့နယ်ခွဲ ပါတီကော်မတီတွင် အတွင်းရေးမှူး(၁)ဦးနှင့် ကော်မတီဝင်များ ပါရှိရမည်။

(င) မြို့နယ်၊ မြို့နယ်ခွဲပါတီကော်မတီ၏ သက်တမ်းသည် (၅)နှစ်ဖြစ်သည်။

(စ) ပါတီ၏ ရည်ရွယ်ချက်များ၊ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် တာဝန်ဝတ်္တရားများကို မိမိတို့နယ်မြေအလိုက် ပေါ်ပေါက်နေသည့် အခြေအနေ၊ အချိန်အခါအရ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် စည်းရုံးဦးဆောင်မှုပြုရမည်။

(ဆ) မိမိလက်အောက်ရှိ အဖွဲ့များကို လိုအပ်သလို ကြီးကြပ်ကွပ်ကဲခြင်း၊ အကြံဥာဏ်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရမည်။ အဖွဲ့လိုက် လုပ်ငန်းများ ဆောင်ရွက်တတ်အောင်၊ တညီတညွတ်တည်း လိုက်ပါဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးရမည်။

(ဇ) "စည်းရုံးမှုဖြင့် အောင်မြင်ရေး၊ အောင်မြင်မှုဖြင့် စည်းရုံးရေး" ဟူသော လုပ်ငန်းစဉ်အတိုင်း ပြည်သူလူထု၏ ချစ်ခင်လေးစားအားထားမှုကို ရယူနိုင်မည့် နည်းလမ်းအားလုံးကို အသုံးပြုရမည်။


ခရိုင်ကော်မတီ

ခရိုင်ပါတီကော်မတီများကို ပါတီက ချမှတ်ပြဌာန်းထားသော ရည်ရွယ်ချက်၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ၄င်း၏ လက်အောက်ရှိ မြို့နယ်၊ မြို့နယ်ခွဲ ပါတီကော်မတီများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီအဖွဲ့များနှင့် အခြေခံအဖွဲ့များကို ဦးဆောင်ကွပ်ကဲ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းရခြင်းဖြစ်သည်။ ခရိုင်ပါတီကော်မတီ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ခရိုင်ပါတီကော်မတီတွင် ပါဝင်သည့် ကော်မတီဝင်များကို ပါတီ၏ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်။

(ခ) ခရိုင်ပါတီကော်မတီကို ဖွဲ့စည်းရာတွင် ခရိုင်အတွင်း၌ ပါဝင်သည့် မြို့နယ်နှင့် ပါတီဝင် အင်အား အနည်း၊ အများပေါ်မူတည်၍ ကော်မတီဝင် (၇)ဦးမှ (၉)ဦးအထိ ဖွဲ့စည်းနိုင်သည်။

(ဂ) ကော်မတီဝင်ဦးရေကို ပါတီဗဟို ကော်မတီက အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်နိုင်သည်။

(ဃ) ခရိုင်ပါတီကော်မတီတွင် အတွင်းရေးမှူး (၁)ဦးနှင့် ကော်မတီဝင်များ ပါရှိရမည်။

(င) ခရိုင်ပါတီ ကော်မတီ၏ သက်တမ်းသည် (၅)နှစ်ဖြစ်သည်။

(စ) ပါတီ၏ ရည်ရွယ်ချက်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်နှင့် တာဝန်ဝတ်္တရားများကို မိမိတို့ နယ်မြေအလိုက် ပေါ်ပေါက်နေသည့် အခြေအနေ၊ အချိန်အခါအရ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် စည်းရုံးဦးဆောင်မှု ပြုရမည်။

(ဆ) မိမိလက်အောက်ရှိ အဖွဲ့များကို လိုအပ်သလို ကြီးကြပ်ကွပ်ကဲခြင်း၊ အကြံဥာဏ်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရမည်။ အဖွဲ့လိုက် လုပ်ငန်းများ ဆောင်ရွက်တတ်အောင်၊ တညီတညွတ်တည်း လိုက်ပါဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးရမည်။

(ဇ) နယ်မြေအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ရန်နှင့် ခရိုင်ပါတီ ကော်မတီဝင်များသည် မြို့နယ်များသို့ အခါအားလျော်စွာ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ရန် တာဝန်ရှိသည်။

(ဈ) "စည်းရုံးမှုဖြင့် အောင်မြင်ရေး၊ အောင်မြင်မှုဖြင့် စည်းရုံးရေး "ဟူသော လုပ်ငန်းစဉ်အတိုင်း ပြည်သူလူထု၏ ချစ်ခင်လေးစား အားထားမှုကို ရယူနိုင်မည့် နည်းလမ်းအားလုံးကို အသုံးပြုရမည်။


တိုင်းနှင့်ပြည်နယ် ပါတီကော်မတီ

တိုင်းနှင့်ပြည်နယ် ပါတီကော်မတီများကို ပါတီက ချမှတ်ပြဌာန်းထားသော ရည်ရွယ်ချက်၊ မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန်၊ ခရိုင်ပါတီကော်မတီများ၊ မြို့နယ်၊ မြို့နယ်ခွဲ ပါတီကော်မတီများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ပါတီအဖွဲ့များနှင့် အခြေခံအဖွဲ့များကို ဦးဆောင်ကွပ်ကဲ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းခြင်းဖြစ်သည်။ တိုင်းနှင့်ပြည်နယ် ပါတီကော်မတီ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) တိုင်းနှင့်ပြည်နယ် ပါတီကော်မတီတွင် ပါဝင်သည့် ကော်မတီဝင်များကို ပါတီ၏ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်။

(ခ) တိုင်းနှင့်ပြည်နယ် ပါတီကော်မတီကို ဖွဲ့စည်းရာတွင် တိုင်းနှင့်ပြည်နယ်အတွင်း ပါဝင်သည့် ခရိုင်နှင့် ပါတီဝင်အင်အား အနည်းအများပေါ် မူတည်၍ အဖွဲ့ဝင် (၉)ဦးမှ (၁၅)ဦးအထိ ပါဝင်ဖွဲ့စည်းနိုင်သည်။

(ဂ) ကော်မတီဝင်ဦးရေကို ပါတီဗဟိုကော်မတီက အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်နိုင်သည်။

(ဃ) တိုင်းနှင့်ပြည်နယ် ပါတီကော်မတီတွင် အတွင်းရေးမှူး (၁)ဦးနှင့် အမှုဆောင် အဖွဲ့ဝင်များ ပါရှိရမည်။

(င) တိုင်းနှင့်ပြည်နယ် ပါတီကော်မတီ၏ သက်တမ်းသည် (၅)နှစ်ဖြစ်သည်။

(စ) ပါတီ၏ ရည်ရွယ်ချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်နှင့် တာဝန်ဝတ်္တရားများကို မိမိတို့ နယ်မြေအလိုက် ပေါ်ပေါက်နေသည့် အခြေအနေ၊ အချိန်အခါအရ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် စည်းရုံးဦးဆောင်မှု ပြုရမည်။

(ဆ) မိမိလက်အောက်ရှိ အဖွဲ့အစည်းများကို လိုအပ်သလို ကြီးကြပ်ကွပ်ကဲခြင်း၊ အကြံဥာဏ်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရမည်။ အဖွဲ့လိုက် လုပ်ငန်းများ ဆောင်ရွက်တတ်အောင်၊ တညီတညွတ်တည်း လိုက်ပါဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးရမည်။

(ဇ) "စည်းရုံးမှုဖြင့် အောင်မြင်ရေး၊ အောင်မြင်မှုဖြင့် စည်းရုံးရေး "ဟူသော လုပ်ငန်းစဉ်အတိုင်း ပြည်သူလူထု၏ ချစ်ခင်လေးစား အားထားမှုကို ရယူနိုင်မည့် နည်းလမ်းအားလုံးကို အသုံးပြုရမည်။


ဗဟိုအလုပ်အမှုဆောင်ကော်မတီ

ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ပါတီဗဟိုကော်မတီက လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်။

(ခ) ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် ပါတီဗဟိုကော်မတီကို စုစည်းတာဝန်ခံရမည်။ ပါတီညီလာခံ တစ်ခုနှင့် တစ်ခုအကြားတွင် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းပါ ပြဌာန်းချက်နှင့်အညီ လွှဲအပ်ထားသော လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ခွင့်ရှိသည်။

(ဂ) ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ဥက်္ကဌ၊ ဒုတိယဥက်္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးများအဖွဲ့ (၅)ဦးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ပါဝင်သည်။

(ဃ) ဗဟိုအလုပ်အမှုဆောင်ကော်မတီကို အင်အား(၂၀)ဦးမှ (၃၀)ဦးအထိ ဖွဲ့စည်းနိုင်သည်။

(င) ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သက်တမ်းသည် (၅)နှစ်ဖြစ်သည်။

(စ) ပါတီဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ချမှတ်ခဲ့သော မူဝါဒများနှင့် လုပ်ငန်းစီမံချက်များကို ပါတီအဖွဲ့အစည်း အဆင့်ဆင့်နှင့် ပါတီဝင်များက အကောင်အထည်ဖော်ရန် ညွှန်ကြားခြင်း၊ ညှိနှိုင်းအကောင်အထည်ဖော်ရန် ဦးဆောင်မှုပေးခြင်းများ ပြုရမည်။

(ဆ) အဆင့်ဆင့်သော ပါတီအဖွဲ့အစည်းများက တင်ပြသော အစီရင်ခံစာများနှင့် လုပ်ငန်းရပ်များကို လေ့လာစိစစ်ခြင်း၊ အဆုံးအဖြတ်နှင့် လမ်းညွှန်မှုပေးခြင်းများ ဆောင်ရွက်ရမည်။

(ဇ) ပါတီဗဟိုကော်မတီ၏ ကိုယ်စား ဆောင်ရွက်ချက်များကို ပါတီဗဟိုကော်မတီ ပုံမှန်အစည်းအဝေးတိုင်းတွင် အစီရင်ခံခြင်း၊ အတည်ပြုချက် ရယူခြင်း ပြုရမည်။

(ဈ) ပါတီအမှုဆောင်များနှင့် ပါတီဝင်များ၏ အရည်အချင်း တိုးတက်မြင့်မားရေးကို ရှေးရှု၍ အခြေခံသင်တန်းများ၊ အဆင့်မြင့်သင်တန်းများ ပြုလုပ်နိုင်ရေးအတွက် လမ်းညွှန်မှု ပေးရမည်။

(ည) ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် ပါတီ၏ ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု လုပ်ငန်းအ၀၀ကို တာဝန်ခံ ဆောင်ရွက်ရမည်။

(ဋ) ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် ပါတီ၏ ပြည်တွင်းပြည်ပသို့ သတင်းဖြန့်ချီရေးဆိုင်ရာ လုပ်ငန်းများကို တာဝန်ခံ ဆောင်ရွက်ရမည်။

(ဌ) ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် နယ်မြေတာဝန်ခံများအဖြစ် သီးခြား တာဝန်ယူ၍ မိမိနယ်မြေအတွင်း အခါအားလျော်စွာ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ရမည်။


ပါတီဗဟိုကော်မတီ

ပါတီဗဟိုကော်မတီ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ပါတီဗဟိုကော်မတီကို ပါတီညီလာခံမှ လုပ်ထုံး လုပ်နည်းနှင့်အညီ ရွေးချယ်တင်မြှောက်မည်။

(ခ) ပါတီဗဟိုကော်မတီကို ဥက်္ကဌ၊ ဒုတိယဥက်္ကဌ အပါအ၀င် အင်အား (၁၅၀)ဦး၊ အရန်ပါတီ ဗဟိုကော်မတီဝင် (၅၀)ဦး၊ ပေါင်း (၂၀၀)ဦးဖြင့် ဖွဲ့စည်းရမည်။

(ဂ) ပါတီဗဟိုကော်မတီသည် ပါတီညီလာခံကို တာဝန်ခံရမည်။

(ဃ) ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များထဲမှ ဥက်္ကဌ၊ ဒုတိယဥက်္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)ဦးစီနှင့် အတွင်းရေးမှူးအဖွဲ့ဝင် (၅)ဦး ပါဝင်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီကို လုပ်ထုံး လုပ်နည်းနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်။

(င) ပါတီဗဟိုကော်မတီက ရွေးချယ်တင်မြှောက်လိုက်သော ဥက်္ကဌ၊ ဒုတိယဥက်္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးတို့သည် ပါတီဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ပါတီတစ်ခုလုံးတို့၏ ဥက်္ကဌ၊ ဒုတိယဥက်္ကဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူးတို့လည်း ဖြစ်ကြသည်။

(စ) ပါတီညီလာခံက သတ်မှတ်တာဝန် ပေးအပ်သော တာဝန်များကို ပါတီစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရမည်။ ဆောင်ရွက်ချက်များကို အနီးစပ်ဆုံး ပါတီညီလာခံသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။

(ဆ) ပါတီ၏ လုပ်ငန်းများနှင့် ပတ်သက်သည့် မူဝါဒ၊ လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းတို့ကို ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း မူဘောင်များအတွင်းမှ ဆုံးဖြတ်ချမှတ်နိုင်သည်။ဤွှဆုံးဖြတ်ချက်များကို အနီးကပ်ဆုံး ပါတီညီလာခံတွင် အတည်ပြုချက် ရယူရမည်။

(ဇ) ပါတီအဆင့်ဆင့် ဖွဲ့စည်းမှု ခိုင်မာကျစ်လျစ်ရေး၊ သဘောတရား ခံယူကျင့်သုံးမှု တိုးတက် မြင့်မားရေးနှင့် စည်းရုံးရေး လုပ်ငန်း အစဉ်ရှင်သန်ထက်မြက်နေရေးတို့အတွက် အစီအမံများ ချမှတ်ရမည်။

(ဈ) ပါတီဝင်အသစ်များ ရရှိရေးနှင့် လူငယ်ထုကို စည်းရုံးရေးအတွက် မူဝါဒအစီအံများ ချမှတ်ရမည်။

(ည) အမျိုးသားအကြိုးစီးပွား အောင်မြင်ရေးနှင့် ကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရေးအတွက် လူတန်းစားအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန် မူဝါဒများ ချမှတ်ပေးရမည်။

(ဋ) ပါတီအတွက် ဘဏ္ဍာရေး စည်းမျဉ်းများ၊ စီမံခန့်ခွဲရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးရမည်။

(ဌ) ပါတီဗဟိုကော်မတီသည် အောက်ပါ ကော်မတီ အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ အင်အားနှင့် လုပ်ငန်းတာဝန် သတ်မှတ်ခြင်းတို့ကို ပြုလုပ်ရမည်-

(၁) လုပ်ငန်းစိစစ်ရေးကော်မတီ

(၂) စည်းကမ်းထိန်းသိမ်းရေးကော်မတီ

(၃) ဗဟိုဌာနများ

(၄) ဗဟိုရေးရာကော်မတီများ

(၅) ဗဟိုလုပ်ငန်းအဖွဲ့အစည်းများ

(၆) သင်တန်းကျောင်း

(၇) မော်ကွန်းတိုက်

(၈) ဌာနချုပ်ရုံး

(ဍ) ဗဟိုရေးရာ ကော်မတီများ၏ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ ဗဟိုဌာနကြီးမှူးများနှင့် ဗဟိုလုပ်ငန်းအဖွဲ့အစည်းများ၏ ဌာနကြီးမှူးများကို ပါတီဗဟိုကော်မတီဝင်များထဲမှ တာဝန်ပေးအပ်ရမည်။

(ဎ) ပါတီဗဟိုကော်မတီသည် ၄င်း၏ လုပ်ပိုင်ခွင့်များအနက် သင့်တော်သော လုပ်ပိုင်ခွင့်များကို ဗဟိုအလုပ်အမှုဆောင် ကော်မတီသို့ အပ်နှင်းနိုင်သည်။

(ဏ) ပါတီဗဟိုကော်မတီသည် လိုအပ်သော စည်းမျဉ်း၊ စည်းကမ်း၊ ဆောင်ရွက်ပုံ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို သီးခြားထုတ်ပြန် ညွှန်ကြားရမည်။

(တ) ပါတီဗဟိုကော်မတီ၏ သက်တမ်းသည် ပါတီဗဟိုကော်မတီအသစ် ရွေးချယ်တင်မြှောက်ပြီးသည်အထိ ဖြစ်သည်။


ပါတီညီလာခံ

ပါတီညီလာခံကို (၅)နှစ်လျှင် အနည်းဆုံး (၁)ကြိမ် ကျင်းပရမည်။ ပါတီညီလာခံ၏ သက်တမ်းသည် ယင်းပါတီညီလာခံ ကျင်းပသည့် နေ့မှစ၍ သာမန်အားဖြင့် (၅)နှစ်ဖြစ်သည်။ ပါတီညီလာခံသို့ တက်ရောက်ခွင့်ရှိ၍ ဆန်္ဒမဲပေးခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ၏ ၇၅% သဘောတူလျှင် ယင်းပါတီညီလာခံ၏ သက်တမ်းကို တိုး၍သော်လည်းကောင်၊ လျှော့၍သော်လည်းကောင်း ပြင်ဆင်သတ်မှတ်နိုင်သည်။

ပါတီညီလာခံသို့ တက်ရောက်ခွင့်ရှိသော ကိုယ်စားလှယ်ဦးရေ၏ ၇၅% တက်ရောက်မှ အထမြောက်သည်။

ပါတီညီလာခံတွင် ညီလာခံသက်တမ်းအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို တင်ပြလေ့လာသုံးသပ်ဆွေးနွေး၍ လာမည့် သက်တမ်းအတွက် ပါတီ၏ လိုအပ်သည့် မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပေးရန်ဖြစ်သည်။

ပါတီညီလာခံသည် ဆုံးဖြတ်ချက်များကို အောက်ပါအတိုင်း ချမှတ်ဆောင်ရွက်ရမည်-

(က) ပါတီတစ်ရပ်လုံး၏ ရည်မှန်းချက်၊ ယုံကြည်ချက်၊ သိန်္နိဌာန်နှင့် မူဝါဒဆိုင်ရာ ကိစ်္စရပ်များကို ပါတီညီလာခံသို့ တက်ရောက်ခွင့်ရှိ၍ မဲဆန်္ဒပေးခွင့်ရှိသော ကိုယ်စားလှယ်ဦးရေ၏ ၇၅%မဲဖြင့်သာ ဆုံးဖြတ်ရမည်။

(ခ) ကျန်ကိစ်္စရပ်များကို ပါတီညီလာခံသို့ တက်ရောက်ခွင့်ရှိသော ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော် မဲဖြင့်သာ ဆုံးဖြတ်ရမည်။

အရေးပေါ်ညီလာခံကို အောက်ပါအခြေအနေများတွင် ခေါ်ယူကျင်းပနိုင်သည်-

(က) နောက်ဆုံးအကြိမ် ကျင်းပသည့် ပါတီညီလာခံသို့ တက်ရောက်ခွင့်ရှိသော ကိုယ်စားလှယ်ဦးရေ၏ သုံးပုံတစ်ပုံကျော်က တောင်းဆိုလျှင်။

(ခ) ပါတီဗဟိုကော်မတီဝင် ထက်ဝက်ကျော်က တောင်းဆိုလျှင်။

(ဂ) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ပါတီအတွက် အရေးကြီးသော ကိစ်္စရပ်များနှင့် နိုင်ငံအတွက် အရေးကြီးသော အရေးအခင်းများရှိ၍ ခေါ်ယူလိုလျှင်။

အရေးပေါ်ပါတီညီလာခံ ထမြောက်ခြင်းနှင့် ဆုံးဖြတ်ခြင်းများသည် သာမန်အချိန် ပါတီညီလာခံ ကျင်းပသည့် အတိုင်းပင်ဖြစ်သည်။


ပါတီအဆင့်ဆင့်၏ဖွဲ့စည်းပုံ

ဖွဲ့စည်းပုံဇယားကို နောက်ဆက်တွဲဖြင့် ဖော်ပြထားပါသည်။


ဥက္ကဌ

ပါတီ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ယုံကြည်ချက်၊ သိန်္နိဌာန်၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဦးစီးအကောင်အထည်ဖော် ဆောင်ရွက်ရမည်။ ပါတီဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ပါတီကို တာဝန်ခံဦးဆောင်ရမည်။


ဒုတိယဥက္ကဌ

ဒုတိယဥက္ကဌသည် ဥက္ကဌကို တာဝန်ခံရမည်။ ဥက္ကဌကို အထောက်အကူပြုရမည့်အပြင် အောက်ပါ တာဝန်များကို ထမ်းဆောင်ရမည်-

(က) ဥက္ကဌမှ တာဝန်ထမ်းဆောင်မှု အကြောင်းတစ်ခုခုကြောင့် ယာယီပျက်ကွက်လျှင် ဥက္ကဌ၏ တာဝန်ကို ပူးတွဲထမ်းဆောင်ရမည်။

(ခ) ဥက္ကဌက ပေးအပ်သော အခြားတာဝန်များကိုလည်း ထမ်းဆောင်ရမည်။


အထွေထွေအတွင်းရေးမှူး

အထွေထွေအတွင်းရေးမှူးသည် ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီကို တာဝန်ခံရမည်။ ထို့ပြင် အောက်ပါ တာဝန်များကို ထမ်းဆောင်ရမည်-

(က) အတွင်းရေးမှူးများ၊ ဗဟိုရေးရာကော်မတီများ၊ ဗဟိုဌာနကြီးများနှင့် ဗဟိုလုပ်ငန်းအဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲ လမ်းညွှန်ရမည်။

(ခ) ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အဆုံးအဖြတ်ပြုနိုင်ရေးအတွက် အထောက်အကူပြုရမည်။

(ဂ) ပါတီစည်းရုံးလှုပ်ရှားရေး၊ လေ့ကျင့်ပညာပေးရေး၊ စီမံခန့်ခွဲရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည်။

(ဃ) ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ဆုံဖြတ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်လျှင် နိုင်ငံတော် အဖွဲ့အစည်းများ၊ လူထုလူတန်းစား အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆက်သွယ် ဆောင်ရွက်ရမည်။


တွဲဖက် အထွေထွေအတွင်းရေးမှူး

အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီကို အထောက်အကူပြုရန်ဖြစ်ပြီး အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရမည်။


ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ

ပါတီလုပ်ငန်းစိစစ်ရေးကော်မတီကို ပါတီဗဟိုကော်မတီဝင်များထဲမှ သင့်တော်သော အင်အားဖြင့် ဖွဲ့စည်းပေးရမည်ဖြစ်ပြီး ၄င်းကော်မတီအတွက် လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို ပါတီဗဟိုကော်မတီမှ သီးသန့်ထုတ်ပြန် သတ်မှတ်ပေးရမည်။ သာမန်အားဖြင့် ဘဏ္ဍာရေးဆိုင်ရာများ၊ ပါတီအဆင့်ဆင့်၏ လုပ်ငန်းများသည် ပါတီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ မူဝါဒများနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ရန်ဖြစ်သည်။ ၄င်းကော်မတီအတွက် လိုအပ်သော ရုံးအဖွဲ့ကို ပါတီဗဟိုကော်မတီ ဌာနချုပ်ရုံးမှ ဖွဲ့စည်းပေးရမည်။


ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ

ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီကို ပါတီဗဟိုကော်မတီဝင်များထဲမှ သင့်တော်သော အင်အားဖြင့် ဖွဲ့စည်းပေးရမည်။ ၄င်းကော်မတီ၏ ရုံးအဖွဲ့ကို ပါတီဗဟိုကော်မတီ ဌာနချုပ်က ဖွဲ့စည်းပေးရမည်။ ၄င်းကော်မတီအတွက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ပါတီဗဟိုကော်မတီက သတ်မှတ်ပေးရမည်။ ပါတီဝင်များ လိုက်နာရန် စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှရေးဆွဲပြီး ပါတီဗဟိုကော်မတီသို့ တင်ပြ၍ ပါတီညီလာခံတွင် အတည်ပြုရမည်။ ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ပါတီအဆင့်ဆင့်၏ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ရမည်။


အတွင်းရေးမှူးများ

အတွင်းရေးမှူးများသည် အထွေထွေအတွင်းရေးမှူးကို တာဝန်ခံရမည်။ အောက်ပါတာဝန်များကိုလည်း ထမ်းဆောင်ရမည်။

(က) ဗဟိုအလုပ်အမှုဆောင် ကော်မတီကို အထောက်အကူပြုရမည်။

(ခ) ဗဟိုရေးရာ ကော်မတီများ၊ ဗဟိုဌာနကြီးများနှင့် ဗဟိုလုပ်ငန်း အဖွဲ့အစည်းများ၏ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရမည်။

(ဂ) ဗဟိုအလုပ်အမှုဆောင် ကော်မတီ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးတို့မှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရမည်။


ဗဟိုဌာနကြီးများ၊ ဗဟိုရေးရာ ကော်မတီများနှင့် လုပ်ငန်းအဖွဲ့အစည်းများ

ဗဟိုဌာနကြီးများ။ ပါတီ၏ စည်းရုံးရေး၊ စီမံခန့်ခွဲရေး၊ လေ့ကျင့်ပညာပေးရေး၊ သုတေသနပြု လုပ်ခြင်းစသည့် ပါတီ၏ လုပ်ငန်းအားလုံးအတွက် သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆက်သွယ် ဆောင်ရွက်ပေးရန်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် အထွေထွေအတွင်းရေးမှူးများ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးများ၊ သက်ဆိုင်ရာ အတွင်းရေးမှူးတို့အား အထောက်အကူအဖြစ် ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန် ဖြစ်သည်။

ဗဟိုရေးရာကော်မတီများ။ သက်ဆိုင်ရာရေးရာ ကော်မတီများသည် နိုင်ငံတော်အတွင်း ပါတီ၏ လုပ်ငန်းများ၊ လူထုလူတန်းစားများကို လေ့လာသုတေသနပြု၍ ဗဟိုအလုပ်အမှုဆောင် ကော်မတီက အဆုံးအဖြတ်ပြုနိုင်ရေး အထောက်အကူပြုရန်၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူးနှင့် သက်ဆိုင်ရာ အတွင်းရေးမှူးတို့ကို အထောက်အကူပေးရန်နှင့် ၄င်းတို့ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန်ဖြစ်သည်။

ဗဟိုလုပ်ငန်းအဖွဲကအစည်းများ။ ပါတီတစ်ခုလုံး၏ စည်းရုံးရး၊ လေ့ကျင့်ပညာပေးရေး၊ သုတေသနပြုလုပ်ရေး၊ စီးပွားရေးအစရှိသော ပါတီ၏ လုပ်ငန်းများအတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူးတို့ကို အထောက်အကူပြုရန်ဖြစ်သည်။

သင်တန်းကျောင်း။ ပါတီအတွင်း သဘောတရား ခံယူချက် ခိုင်မာရေး၊ လေ့ကျင့်ပညာပေးရေး၊ အမာခံ ပါတီဝင်များ၏ စည်းရုံးရေး၊ အရည်အသွေးမြင့်မားရေး၊ ပြုစုပျိုးထောင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်နိုင်ရန် ဗဟိုအလုပ်အမှုဆောင် ကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူးနှင့် သက်ဆိုင်ရာ အတွင်းရေးမှူးတိုပအား တာဝန်ခံရန်နှင့် အထောက်အကူပေးရန် ဖြစ်သည်။

မော်ကွန်းတိုက်။ နိုင်ငံတော် တည်ရှိသရွေ့ ပါတီ၏ လုပ်ငန်းများ ရှင်သန်တည်ရှိနေပြီး ပါတီ၏ လုပ်ဆောင်ချက်နှင့် အရေးကြီးသော မှတ်တမ်းတင် ထိန်းသိမ်းထားသင့်သော ကိစ္စ၊ စာရွက်စာတမ်း မှန်သမျှ စနစ်တကျ ထိန်းသိမ်းထားရန်ဖြစ်သည်။

တိုင်းနှင့် ပြည်နယ်ပါတီကော်မတီများ။ ပါတီအဆင့်ဆင့်၏ လုပ်ငန်းအရပ်ရပ်ကို ပါတီဗဟိုကော်မတီကိုယ်စား အနီးကပ်ကြီးကြပ်ပြီး ပါတီအဆင့်ဆင့်နှင့် ဗဟိုအကြား အပြန်အလှန် ဆက်သွယ်မှုကို အထောက်အကူပြုရန်နှင့် ပါတီအောက်ခြေအဆင့်ဆင့်အား စည်းရုံးခေါင်းဆောင် ကွပ်ကဲရန်ဖြစ်သည်။