You must have the Adobe Flash Player installed to view this player.

စစ်ကိုင်း

852013-1

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး သူရဦးအောင်ကို သီတဂူ ဆရာတော် ဘန္ဒန္တ ဒေါက်တာ အရှင်ဉာဏိဿရ၏ ဦးဆောင်မှုဖြင့် တည်ဆောက်ခဲ့သော သီတဂူ စက္ခုဒါန ဆေးရုံတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတွင်းရေးမှူး သူရဦးအောင်ကိုသည် ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် နှင့် အတူ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၉) ရက် နံနက် (၀၈း၀၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့၌ သီတဂူဆရာတော် ဘန္ဒန္တ ဒေါက်တာ အရှင်ဉာဏိဿရ၏ ဦးဆောင်မှုဖြင့် တည်ဆောက်ခဲ့သော သီတဂူ စက္ခုဒါန ဆေး ရုံတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ဗဟိုအတွင်းရေးမှူး သူရဦးအောင်ကိုတို့ လဟယ်မြို့၊ သီတဂူစက္ခုဒါန မျက်စိဆေးရုံဖွင့်ပွဲတက်ရောက်စဉ်နှင့် ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်

Read more...

2442013

ယင်းမာပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရွှေပန်း ခိုင်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၌ သောက် သုံးရေ အခက်အခဲဖြစ်နေသော ရွှေပန်းခိုင်ကျေးရွာ သို့ ယင်းမာပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းဟန်၊ မြို့နယ် တွဲဖက်အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ကော်မတီ ၀င်များ၊ မြို့နယ် စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးကျော်စိုး တို့သည် ဧပြီလ (၁၂)ရက်က ရေများ သွားရောက်လှူဒါန်းပြီး မြို့နယ် စည်ပင်မှ ရေဘောက်ဆာကား အကူအညီပေးခြင်းဖြင့် လည်းကောင်း၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ရေများနှင့် ရွာသူရွာ သားများ အသုံးပြုရန် ရေဂါလန် ၃၆၀၀ ခန့်ထည့်ဝင်နိုင်သော မိုးကာရေကန် နှစ်ကန်ကိုလည်းကောင်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Read more...

1532013-3

စစ်ကိုင်းတိုင်း ၀န်ကြီးနှင့် လွှတ်တော်ကိုယ်စား လှယ် နောင်ကြီးအိုင်ကျေးရွာ မီးဘေး သင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်

မတ်လ ၂ ရက် (၁၁း၃၀) ချိန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးတင်ဝင်း၊ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကံထွန်း၊ မြို့နယ် အုပ်ချုပ်ရေး မှူးနှင့်အဖွဲ့သည် အရာတော်မြို့နယ်၊ နောင်ကြီး အိုင်ကျေးရွာသို့ သွားရောက်ပြီး၊ မီးဘေးသင့် အိမ်ထောင်စု (၉) စုမှ အိုးမဲ့အိမ် မဲ့ဖြစ်ခဲ့ကြသည့် (၄၀) ဦးအား တွေ့ဆုံ အားပေး စကားပြော ကြားပြီး ထောက်ပံ့ပစ္စည်းများ ပေး အပ်ခြင်းနှင့် နေထိုင်စားသောက်မှုအတွက် အဆင်ပြေစေရန် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိ ပါသည်။

442013

အမျိုးသမီးရေးရာအဖွဲ့ လက်ဖက်ရည်ကြမ်း ၀ိုင်း ဆွေးနွေ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တွေ့ဆုံပွဲ အခမ်းအနားကို မတ်လ (၂၄) ရက် နံနက် (၁၀) နာရီခွဲတွင် ကျင်းပရာ မုံရွာခရိုင် အတွင်းရေးမှူး ဦးဇော်ဝင်း၊ ခရိုင်ကော်မတီ ၀င်များ၊ ခရိုင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ယဉ်မာဝင်း၊ မြို့နယ်အတွင်းရေးမှူး ဦးကံဌေးနှင့် ပါတီကော် မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံများနှင့် ကျေးရွာ အုပ်စုများမှ ပါတီဝင် အမျိုးသမီးရေးရာ အဖွဲ့ဝင် စုစုပေါင်း ၉၂ ဦး တက်ရောက်ကြသည်။

Read more...

1532013-2

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၊ နန်းတောစံပြကျေး ရွာ မီးဘေးသင့်ပြည်သူများအတွက် စစ်ကိုင်း တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီမှ ငွေလှူဒါန်း

၂၀၁၃ ခုနှစ်၊ မတ်လ (၇) ရက် (၁၁း၀၀) ချိန်တွင် ဟုမ္မလင်းမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေး၊ ခန္တီးခရိုင် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးရဲဝင်းခိုင်၊ ဟုမ္မလင်းမြို့ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သန်း၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကြည်အေးနှင့် ဒေါ်စောသန်းဝင်း တို့သည် ဟုမ္မလင်းမြို့နယ်၊ နန်းတောစံပြကျေးရွာ မီးလောင်ကျွမ်း မှု၌ မီးဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၀၀) စုအတွက် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီမှ ထောက်ပံ့ လှူဒါန်းသော ငွေကျပ် (၁၀) သိန်းအား သွားရောက်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။

 

More Articles...

  1. 1532013-1