You must have the Adobe Flash Player installed to view this player.

ဧရာဝတီ

2052013-1

ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ သွေးလှူဒါန်း

၂၀၁၃ ခုနှစ်၊ မေလ (၁၂) ရက်နေ့က ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ် (အို) သွေး လိုအပ်လျှက်ရှိသော အစာအိမ်သွေးကြောပေါက် သည့် ကျုံကျိုက်ကျေးရွာနေ ဦးဝဏ္ဏ အား ဖျာပုံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဒေါ်နန့်ဥမ္မာမြ က သွေးလှူဒါန်း ပေးခဲ့ကြောင်း၊ ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အရေးပေါ် သွေးလိုအပ် သူများကို ပါတီ ကော်မတီဝင်များအဖွဲ့မှ လှူဒါန်းလျှက်ရှိရာ လစဉ် သွေးပုလင်းပေါင်း (၁၀) ပုလင်းခန့် ပုံမှန် လှူဒါန်းလျှက်ရှိကြောင်း သတင်းရရှိသည်။

အရေးပေါ် (အို) သွေး လိုအပ်လျှက်ရှိသူအား ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဒေါ်နန့်ဥမ္မာမြ မှ သွေးလှူဒါန်းစဉ်

 

1352013-1

ပါတီ ဗဟိုအလုပ်အမှုဆောင် (ဖျာပုံမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သီရိ ပျံချီ ဦးစိုးနိုင် ဧရာဝတီတိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

၂၀၁၃ ခုနှစ်၊ မေလ (၁၀) နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ဖျာပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သီရိပျံချီ ဦးစိုးနိုင်နှင့် ပါတီ ဗဟိုကော်မတီဝင် ဒေါ်တင်တင်လတ် တို့သည် ဧရာဝတီတိုင်းဒေ သကြီး၊ ဒေးဒရဲမြို့နယ် ပါတီရုံး၌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် ပါတီကော် မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီစည်းရုံးရေးကိစ္စများ၊ ဒေသ ဖွံ့ဖြိုးရေး လိုအပ်ချက်များ ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် (ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သီရိပျံချီ ဦးစိုးနိုင် ဧရာဝတီတိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ်

Read more...

652013

ပါတီဗဟိုအလုပ်အမှုဆောင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးစိုးနိုင် ကျေးရွာချင်း ဆက် ကျောက်ကြမ်း လမ်းခင်းရန် ငွေလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးစိုးနိုင်မှ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာ အုပ်စု၊ မယ်ညို-ကျုံဖဲကျေးရွာ ကျောက်ကြမ်း လမ်းအား သဲခင်းရန် အတွက် အလှူငွေ ကျပ် (၂) သိန်း ပေးအပ်လှူဒါန်းရာ ခရိုင်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစောအောင်ချစ်ဆွေ နှင့် ကော်မတီဝင် ဦးကျော်မျိုးတင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ခိုင် ဇင်အောင်နှင့် ကော်မတီဝင် ဦးလွင်ဦး၊ ဦးဌေးဝင်း၊ ဦးသန်းဝင်း နယ်မြေတာဝန်ခံ ပါတီကော်မတီဝင် ဦးအေးပိုင်၊ ဦးညွန့်ဝင်း တို့မှ ၂၀၁၃ ခုနှစ်၊ မေလ (၃) ရက် နံနက် (၈) နာရီ (၃၀) မိနစ်အချိန်က အဆိုပါ လုပ်ငန်းခွင်သို့ သွားရောက်၍ လမ်းဖြစ်မြောက်ရေးကော်မတီသို့ လွှဲပြောင်းပေးအပ် လှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။

ပါတီဗဟိုအလုပ်အမှုဆောင်ဦးစိုးနိုင်မှ ကျေးရွာချင်းဆက် ကျောက် ကြမ်းလမ်းခင်းရန် လှူဒါန်းငွေအား ခရိုင်/မြို့နယ် အတွင်းရေးမှူးနှင့် ကော်မတီဝင်များမှ လမ်းဖြစ်မြောက်ရေး ကော်မတီသို့ လွှဲပြောင်းပေးအပ် လှူဒါန်းစဉ်

 

952013

ပြည်သူကိုကူညီရန် လက်တွေ့လုပ်ငန်းလေ့လာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီက ဖွင့်လှစ်သည့် လက်တွေ့စည်းရုံးရေး သင်တန်း အမှတ်စဉ်(၃)မှ သင်တန်းသား သင်တန်းသူ ၇၅ ဦးသည် သင်တန်း နည်းပြဆရာများ လိုက်ပါ၍ မေလ (၈) ရက် နံနက် ၈ နာရီတွင် ပုသိမ်မြို့နယ် ငပုတောမြို့နယ်သို့ အဓိက ဆက်သွယ်ထားသော သက်ကယ်ချောင်းမြစ်ပေါ်တွင် တည်ဆောက်နေဆဲဖြစ် သည့် သက်ကယ်ချောင်း တံတားတည် ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်လေ့လာရာ တံတားအထူးအဖွဲ့ (၅) သံပေါင် တပ်ဆင်ရေး လက်ထောက်အင်ဂျင်နီယာ (မြို့ပြ) ဦးမျိုးသက်နောင်က ရှင်းလင်းဆောင်ခန်းမ၌ ရှင်းလင်း တင်ပြသည်။

Read more...

2942013

ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆင်းရဲနွမ်းပါး အမွှာမိသားစုများအား ထောက်ပံ့လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်၊ အမျိုးသမီးရေးရာ အဖွဲ့ချုပ် စီမံရေး ရာဌာန အဖွဲ့ခေါင်းဆောင် ဒေါ်တင်တင်လတ်၏ ဦးဆောင် လှူဒါန်းမှုဖြင့် ဖျာပုံမြို့နယ် မြို့မိ၊ မြို့ဖတို့မှ ပူးပေါင်း ပါဝင်ကာ ရပ်ကွက် အတွင်းရှိ ဆင်းရဲနွမ်းပါး အမွှာများအား မွေးစမှ ၃ နှစ်အထိ လစဉ် ၅၀၀၀ ကျပ် စီ ထောက်ပံ့ လျှက်ရှိရာ ခရိုင်အမျိုး သမီးရေးရာ အတွင်းရေးမှူး ဒေါ်စိုးစိုးရီနှင့် အဖွဲ့ဝင်များက ဆင်းရဲနွမ်းပါး အမွှာမိသားစု အား အိမ်တိုင် ရာရောက် လစဉ်သွားရောက်ထောက်ပံ့လျှက် ရှိကြောင်း သတင်း ရရှိသည်။

ခရိုင်အမျိုး သမီးရေးရာ အတွင်းရေးမှူး ဒေါ်စိုးစိုးရီနှင့် အဖွဲ့ဝင်များက ဆင်းရဲနွမ်းပါး အမွှာမိသားစုအား အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းစဉ်

Read more...