352013
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတွင်းရေးမှူး သူရဦးအောင်ကို မကွေးတိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတွင်းရေးမှူး သူရဦးအောင်ကို သည် ၂၀၁၃ ခုနှစ်၊ ဧပြီလ (၃) ရက် ၁၃၀၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် ပါတီ ကော်မတီအတွင်းရေးမှူးများ၊ အလုပ် အမှုဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။

ဗဟိုအတွင်းရေးမှူးသူရ ဦးအောင်ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ် ပါတီကော်မတီ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံစဉ်
တွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူးနှင့်အတူ တိုင်းဒေသကြီးပါတီကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ခရိုင် နှင့် မြို့နယ်ပါတီကော်မတီ ၀င်များ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ခရိုင်နှင့် မြို့နယ် ပါတီကော်မတီ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ
တွေ့ဆုံပွဲတွင် နယ်မြေတာဝန်ခံ ဗဟိုအတွင်းရေးမှူးက ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စည်းလုံး ညီညွတ်စွာဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက်တက်ရောက်လာကြသော ပါတီကော်မတီဝင်များက ၎င်းတို့၏ ဒေသနှင့် စည်းရုံးရေး လိုအပ်ချက်များ၊ ကျေးရွာများ သောက် သုံးရေးရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြကြရာ နယ်မြေတာဝန်ခံနှင့် တိုင်းဒေသကြီး ပါတီ ကော်မတီဥက္ကဋ္ဌတို့မှ ညှိနှိုင်းပေါင်းစပ်ကာ လိုအပ်ချက်များကို ကဏ္ဍ အလိုက် ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြပါသည်။
ဗဟိုအတွင်းရေးမှူး သူရဦးအောင်ကိုသည် ၂၀၁၃ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ဆောမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတ်ီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီလုပ်ငန်းကိစ္စရပ်များနှင့် စည်းရုံးရေး လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။


ဗဟိုအတွင်းရေးမှူး သူရဦးအောင်ကို ဆောမြိုနယ်၊ ပြည်ခိုင်ဖြိုးရုံးတွင် ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီလုပ်ငန်း ကိစ္စရပ်များနှင့် စည်းရုံးရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားစဉ်
ထို့နောက်တက်ရောက် လာကြသော မြို့နယ်အသီးသီးမှ ပါတီကော်မတီဝင်များက လုပ်ငန်းလိုအပ်ချက်များ တင်ပြကြရာ ဗဟိုအတွင်းရေးမှူး က ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပါတီကော်မတီဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။