ပါတီဝင်များ၏ အရည်အချင်းသတ်မှတ်ချက်
အောက်ဖော်ပြပါ အရည်အချင်းနှင့် ပြည့်စုံသူများကို ပါတီဝင်အဖြစ် စည်းရုံးလက်ခံမည်။ ပါတီဝင်လိုသူများကလည်း အဆိုပြုလွှာတင်သွင်းနိုင်သည်-
(က) တည်ဆဲနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပါတီဝင် အရည်အချင်းများနှင့် ကိုက်ညီသူ။
(ခ) အခြားနိုင်ငံရေးပါတီများ၏ ပါတီဝင်မဟုတ်သူ။
(ဂ) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစားနေခြင်းမရှိသူ။
(ဃ) ပါတီ၏ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို သက်ဝင်ယုံကြည်၍ ပါတီ၏ စည်းကမ်းကို လိုက်နာရန် ကတိသစ္စာပြုသူ။