လှုပ်ရှားမှုများ
သတင်းစုံကဏ္ဍ
ကျေးလက်ကဏ္ဍ
ဖျော်ဖြေရေးကဏ္ဍ
မိုးလေ၀သအခြေအနေ
နေပြည်တော်၊ မြန်မာ ဗုဒ္ဓဟူးနေ့ (၈၊ ၉၊၂၀၁၀) ၄၁´(မြင့်) ၂၆´(နိမ့်) တိမ်အသင့်အတင့် ဖြစ်ထွန်းပါမည်။ |
Hit Account
Content View Hits : 1410081
|
အမေရိကန်မှာ ပါကစ္စတန်အနောက်မြောက်ဒေသကို ဒုံးကျည်ဖြင့် တိုက်ခိုက်၊ ၄ ဦးသေ ၅ ဦး ဒဏ်ရာရ အစ္စလမ်မဘတ်၊ ဇူလိုင် (၂၅) ဆင်ဟွာ၊ ၂၀၁၀
လွန်ခဲ့သော တနင်္ဂနွေနေ့က ပါကစ္စတန်အနောက်မြောက်ဒေသတွင် အမေရိကန် ဒုံးကျည်ဖြင့် တိုက်တိုက်မှုကြောင့် အနည်းဆုံး ၆ ဦးသေဆုံးကာ (၅) ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်း များအရ သိရသည်။ ထိုနေ့ နေ့လည်အချိန်က အမေရိကန်မှ ဒုံးကျည် (၆) စင်းအား အာဖဂန်နယ်စပ် ၀ါဇီရစ်စတန် တောင်ပိုင်းရှက်ထွိုင်းဒေသရှိ တာလီဘန်သူပုန်ဟု ယူဆရသော အိမ်တစ်လုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းမှာ ၂၀၀၉ သြဂုတ်က အမေရိကန်တို့ ဒုံးကျည်ဖြင့် ပစ်ခတ်ရာတွင် သေဆုံးသွားသော တာလီဘန်ခေါင်းဆောင် ဘစ်တူလာမာဆွတ်၏ အဖွဲ့ဝင်တစ်ဦးဟု ယုံကြည်ရသည်။
အိမ်အနီးရှိ မော်တော်ယာဉ်တစ်စီးမှာလည်း ဒုံးကျည်ဒဏ်ခံခဲ့ရသည်။ ယင်း တနင်္ဂနွေနေ့ တိုက်ခိုက်မှုမှာ လွန်ခဲ့သော (၂) ရက်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။ စနေနေ့နံနက်ကလည်း ဒုံးကျည် (၅) စင်းကို ၀ါဇီရစ်စတန်တောင်ပိုင်းရှိ သူပုန်တစ်ဦးခိုနားနေရာဟု ယူဆရသော နေရာသို့ အမေရိကန်တို့မှ ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူ (၁၆) ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ ခဲ့သည်။
၂၀၀၈ သြဂုတ်မှစ၍ အမေရိကန်လေတပ်မှ ဒုံးကျည် (၂၂၁) စင်းထိ ပါကစ္စတန်အနောက် မြောက်ဒေသ အာဖဂန်နယ်စပ်သို့ ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ လူပေါင်း (၉၅၀) နီးပါး သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့သည်။
|
|