မိုးလေ၀သအခြေအနေ

 နေပြည်တော်၊ မြန်မာ

ဗုဒ္ဓဟူးနေ့

(၈၊ ၉၊၂၀၁၀)

၄၁´(မြင့်)  ၂၆´(နိမ့်)

တိမ်အသင့်အတင့် 

ဖြစ်ထွန်းပါမည်။

Hit Account

Content View Hits : 1410137
100727-1

ရီးယဲအသင်းမှ ထွက်ခွာကြောင်း ရာအူးအတည်ပြုပြောကြား
မက်ဒရစ်၊ ဇူလိုင် (၂၆) ဆင်ဟွာ၊ ၂၀၁၀

    လွန်ခဲ့သော တနင်္လာနေ့က ရီးယဲမက်ဒရစ်၌ ကစားသမားဘ၀ တစ်လျှောက် ကစားခဲ့သော ရာအူးဂွန်ဇာလက်က အသင်းမှထွက်ခွာမည်ကို အတည်ပြုပြောကြားခဲ့သည်။

    ရီးယဲ၏ ၀က်ဘ်ဆိုက်မှ အတည်ပြုပြောကြားရာတွင် ယင်းအသင်းခေါင်းဆောင်မှာ အသင်းနှင့် (၁၆) ရာသီ ကစားခဲ့ပြီး ယခုအသင်း၌ ထွက်ခွာမည့်အကြောင်းကို လာမည့်သတင်းစာ ရှင်းလင်းပွဲ၌ ကြေညာမည်ဖြစ်ကြောင်း ယင်းမှာ လာလီဂါဖလား (၆) ကြိမ် ချန်ပီယံလိဂ်ဖလား (၂) ကြိမ်နှင့် တိုက်ကြီးများဖလား (၂) ကြိမ်ရရှိခဲ့ကြောင်း သိရသည်။

    ရာအူးမှာ ပွဲ (၇၄) ပွဲ၌ ဂိုး (၃၂၃) ဂိုးစံချိန်တင်ရယူထားသူဖြစ်ပြီး လွန်ခဲ့သော နှစ်က ရော်နယ်ဒိုနှင့် ဟီဂူအင်တို့ရောက်ရှိလာပြီးနောက်ပိုင်း အဓိကနေရာမှ လျော့ကျလာခဲ့သော်လည်း လွန်ခဲ့သော ရာသီက ပွဲ (၃၀) ကစားကာ (၅) ဂိုး သွင်းယူခဲ့သည်။

    မော်ရင်ဟိုရောက်လာပြီး ယင်းနေရာတွင် ငယ်ရွယ်သော ကစားသမားနှင့် အစားထိုးလာခြင်း က ရာအူးထွက်ခွာရန် တွန်းအားပေးခဲ့သည်။ ရာအူးမှာ ၁၉၉၄ အောက်တိုဘာလက ဇာရာဂိုနှင့် ယှဉ်ပြိုင်သောပွဲတွင် ရီးယဲအတွက် စတင်ကစားပေးခဲ့ပြီး ထိုစဉ်က အသက် (၁၇) နှစ်သာရှိသေး သည်။ ရာအူးမှာ ဂျာမန်ကလပ်ရှော့ကေးနှင့် စာချုပ်ချုပ်ဖွယ်ရှိသည်။