မိုးလေ၀သအခြေအနေ

 နေပြည်တော်၊ မြန်မာ

ဗုဒ္ဓဟူးနေ့

(၈၊ ၉၊၂၀၁၀)

၄၁´(မြင့်)  ၂၆´(နိမ့်)

တိမ်အသင့်အတင့် 

ဖြစ်ထွန်းပါမည်။

Hit Account

Content View Hits : 1410185
100722-1
အပူဒဏ်ကြောင့် မော်စကိုဆေးရုံများတွင် ခွဲစိတ်မှုများ ရွှေ့ဆိုင်း
 

 
    အလွန်ဆိုးရွားသော အပူဒဏ်သည် လူနာများ၏ အခြေအနေကို ပိုမိုဆိုးရွားစေနိုင် သောကြောင့် မော်စကိုဆေးရုံများတွင် ခွဲစိတ်မှုများကို ဆောင်းဦးကာလထိ ရွှေ့ဆိုင်းထားကြောင်း အာရ်အိုင်အေ Novosli သတင်းဌာနက အင်္ဂါနေ့က ထုတ်ပြန်သည်။

    သို့သော် ရုတ်တရက် ခွဲစိတ်မှုများကိုမူ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရာရှိကြောင်း ဆေးရုံမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ဤသို့ဆုံးဖြတ်ချက်ကို ဆရာဝန်များကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနက ပြောကြားသည်။

    ရုရှမြို့တော်တွင် ဆိုးရွားသော အပူဒဏ်ကို ခံစားရလျက်ရှိပြီး အပူချိန်သည် ၃၅.၃၇ ဒီဂရီ စင်တီဂရိတ်တွင် အမြဲတမ်းရှိနေကြောင်း သိရသည်။ ဇူလိုင်လသည် အပူဒဏ်အပြင်းဆုံးလအဖြစ် မှတ်တမ်းတင်ထားပြီး ရုရှနိုင်ငံတွင် နှစ်ပေါင်း (၁၃၀) အတွင်း အပူဒဏ်အဆိုးရွားဆုံး (၃) ခုအနက် (၁) ခုအပါအ၀င် ဖြစ်နေကြောင်း သိရသည်။