လှုပ်ရှားမှုများ
သတင်းစုံကဏ္ဍ
ကျေးလက်ကဏ္ဍ
ဖျော်ဖြေရေးကဏ္ဍ
မိုးလေ၀သအခြေအနေ
နေပြည်တော်၊ မြန်မာ ဗုဒ္ဓဟူးနေ့ (၈၊ ၉၊၂၀၁၀) ၄၁´(မြင့်) ၂၆´(နိမ့်) တိမ်အသင့်အတင့် ဖြစ်ထွန်းပါမည်။ |
Hit Account
Content View Hits : 1410153
|
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မိုးသည်မြေပြိုမှုကြောင့် လူ (၁၇) ဦး သေဆုံး
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် စီချွမ်ပြည်နယ် မိုးကြီးမြေပြိုမှုများကြောင့် လူ (၁၇) ဦး သေဆုံးပြီး (၄၄) ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ယူနန်ပြည်နယ်တွင် လူ (၄) ဦး သေဆုံး (၄၂) ဦး ပျောက်ဆုံးနေကြောင်း လူ (၅၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပြည်နယ် အစိုးရအနေဖြင့် ကယ်ဆယ်ရေးအဖွဲ့ (၁) ဖွဲ့နှင့် ထောက်ပံ့မှုပစ္စည်းများ ပေးပို့ခဲ့ရာ ရွက်ဖျင်တဲ (၂၀၀) အ၀တ် (၁၀၀၀) စုံ ပါဝင်ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ကယ်ဆယ်ရေးဆောင်ရွက်ရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ ကြောင်း၊ အလားတူ စီချွပြည်နယ် ပတ်ဝန်းကျင်တွင် မိုးသည်မြေပြိုမှုကြောင့် လူ (၇) ဦး သေဆုံးခဲ့ကြောင်း၊ Xuyong စီရင်ရှိ ကယ်ဆယ်ရေးဆောင်ရွက်သူများ ပြောကြားချက်အရ လူ (၆) ဦး သေဆုံးပြီး ညနေ (၄) နာရီတွင် ရုပ်အလောင်း (၁) ခု ထပ်မံတွေ့ရှိရကြောင်း သိရသည်။
ယူနန်ပြည်နယ်ရှိ မြေပြိုသည့်နေရာ (၃) ခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။
|
|