မိုးလေ၀သအခြေအနေ

 နေပြည်တော်၊ မြန်မာ

ဗုဒ္ဓဟူးနေ့

(၈၊ ၉၊၂၀၁၀)

၄၁´(မြင့်)  ၂၆´(နိမ့်)

တိမ်အသင့်အတင့် 

ဖြစ်ထွန်းပါမည်။

Hit Account

Content View Hits : 1410128
100709-1
ထိုက်ချိကစားခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရနိုင်
 

 
    ထိုက်ချိကစားနည်းသည် အရေးကြီးသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အမေရိကန်သုတေသီများက ဆိုသည်။

    အရီဇိုးနားပြည်နယ် ကျန်းမာရေးစောင့်ရှောက်မှု တက္ကသိုလ်မှ သုတေသီများသည် ထိုက်ချိကစားနည်းများ ကစားသူပေါင်း (၆၄၁၀) ဦးကို လေ့လာရာတွင် ထိုက်ချိကစားနည်းသည် အရိုးကျန်းမာရေး၊ နှလုံးအသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာမှု၊ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ၊ ဘ၀ကျေနပ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစသည့် အကျိုးကျေးဇူးများကို ပေးနိုင်ကြောင်း ကြာသပတေးနေ့ထုတ် Health Day News တွင် ဖော်ပြခဲ့သည်။

    ထိုက်ချိနှင့် Qigong ကစားနည်းများကို ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုကို ရွေးချယ်ရမည်ဆိုလျှင် ၎င်းကစားနည်းကို ဦးစားပေးရွေးချယ်သင့်ကြောင်း ကယ်လီဖိုးနီးယား တက္ကသိုလ် Integrative Medicine ပါမောက္ခှ့Shin Lin က ဆိုသည်။

    ထိုက်ချိကစားနည်းသည် ကိုယ်ခန္ဓာလှုပ်ရှားမှု ၂၄ မျိုးမှ ၁၀၈ မျိုးကို အစဉ်လိုက် အလေးပေး ကစားရသော အားကစားနည်း တစ်ခုဖြစ်ကြောင်းလည်း သိရသည်။