မိုးလေ၀သအခြေအနေ

 နေပြည်တော်၊ မြန်မာ

ဗုဒ္ဓဟူးနေ့

(၈၊ ၉၊၂၀၁၀)

၄၁´(မြင့်)  ၂၆´(နိမ့်)

တိမ်အသင့်အတင့် 

ဖြစ်ထွန်းပါမည်။

Hit Account

Content View Hits : 1410186
100709-1
ကမ္ဘောဒီယား နေစွမ်းအင်အသုံးပြုမှု မြှင့်တင်မည်
 

 
    ကမ္ဘောဒီးယား ကျေးလက်လျှပ်စစ်ဓာတ်အားပေးရေး ရန်ပုံငွေအဖွဲ့အနေဖြင့် လာမည့်လများတွင် ကျေးလက်ဒေသများတွင် နေစွမ်းအင်သုံးဆိုလာစနစ် ၁၂၀၀၀ ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနမှ ပြောကြားသည်။

    အာလ်ဘီးအက်ဖ်အနေဖြင့် ကျေးလက်ဒေသ အိမ်များကို လပေးစနစ်ဖြင့် ဆိုလာပြားများကို ရောင်းချမည်ဖြစ်ပြီး၊ အကယ်၍ အလွန်ကြီးမားသော ဆိုလာပြားများကို ထုတ်လုပ်နိုင်မည်ဆိုပါက ကုန်ကျစရိတ်ကျဆင်းသွားနိုင်မည်ဖြစ်ကြောင်း ဖနွမ်းပို့စ်၏ ပြောကြားချက်ကို ကိုးကား၍ အမှုဆောင် ညွှန်ကြားရေးမှူး Leoung Keosela က ပြောကြားခဲ့သည်။

    ဤစီမံကိန်းကို ကမ္ဘာ့ဘဏ်မှ ၆၇.၉၂ မီလီယျံ ရန်ပုံငွေထုတ်ပေးခဲ့ပြီး ၎င်းင်းသည် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလအထိသာဖြစ်ကြောင်း သိရသည်။

    အာလ်အီအက်ဖ်အနေဖြင့် အိမ်ထောင်စုများအတွက် ဆိုလာပြာများ တိုက်ရိုက်ကူညီမှု ပြုသွားရန် ရည်ရွယ်ထားသော်လည်း ဤအစီအစဉ်သည် အောင်မြင်မှု အသင့်အတင့်သာ ရရှိခဲ့ ကြောင်း စနစ်၏ ၉၀% သာ ရောင်းချခဲ့ရပြီး လွန်ခဲ့သော ဆယ်စုနှစ်ကာလများက ဆိုလာစနစ်သည် တိုးတက်လာသည်ဟု ထင်ရကြောင်း ကိုယ်ပိုင်ဆိုလာစွမ်းအင် ညွှန်ကြားရေးမှူး Mao Sangak က ပြောကြားခဲ့သည်။

    ယခုသီတင်းပတ် အစောပိုင်းက မနီလာတွင် ကျင်းပသော ပထမအကြိမ် အာဆီယံ နေရောင်ခြည် စွမ်းအင်ဆွေးနွေးပွဲတွင် အာရှဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နေမှစွမ်းအင်သုံးစွဲမှုတွင် အောင်မြင်မှုရရှိခဲ့ကြောင်း၊ သို့သော် တိုးတက်သော ဌာနများ၏ အထောက်အပံ့များသည်လည်း အလွန် အရေးကြီးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် အရာရှိများ ပြောကြားခဲ့သည်ဟု သတင်းစာများတွင် တင်ပြခဲ့သည်။