လှုပ်ရှားမှုများ
သတင်းစုံကဏ္ဍ
ကျေးလက်ကဏ္ဍ
ဖျော်ဖြေရေးကဏ္ဍ
မိုးလေ၀သအခြေအနေ
နေပြည်တော်၊ မြန်မာ ဗုဒ္ဓဟူးနေ့ (၈၊ ၉၊၂၀၁၀) ၄၁´(မြင့်) ၂၆´(နိမ့်) တိမ်အသင့်အတင့် ဖြစ်ထွန်းပါမည်။ |
Hit Account
Content View Hits : 1410082
|
ကွန်ဂို၌ ဆီတင်ယာဉ်ပေါက်ကွဲ လူ (၂၀၀) ကျော်သေဆုံး ကင်ရှာဆာ၊ ဇူလိုင် (၃) ဆင်ဟွာ၊ ၂၀၁၀
လွန်ခဲ့သော စနေနေ့က ဒေသတွင်း သတင်းများက ဆင်ဟွာသို့ ပြောဆိုခဲ့ရာတွင် သောကြာ နေ့က ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း ဆန်ဂီဒေသ၌ ဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၀၀ သေဆုံးသွားကြောင်း လူရာပေါင်းများစွာ ဒဏ်ရာရရှိကြောင်းသိရသည်။ ကွန်ဂိုအမျိုးသား ရဲတပ်ဖွဲ့မှ ပြောဆိုမှုအရ ယင်းပေါက်ကွဲမှုမှာ ဒေသစံတော်ချိန် ညနေ (၆) နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အခင်းဖြစ်ပွားရာ၌ ကိုယ်ခန္ဓာများ မီးလောင်နေဆဲဖြစ်ကြောင်း၊ ယင်းဆီတင်ယာဉ်မှာ ပေါက်ကွဲခဲ့ပြီး အချို့မှာ ဆီခိုးယူစဉ် သေဆုံးကြကြောင်း၊ အနည်းဆုံးလူ ၂၀၀ သေဆုံးကြောင်း၊ ကြက်ခြေနီအဖွဲ့အဆိုအရ သေဆုံးသူ ၂၀၀ ကျော်ထိ တိုးမည်ဟု သိရသည်။ သေဆုံးသူများတွင် ငြိမ်းချမ်းရေးတပ်သား ၅ ဦးလည်း ပါဝင်ကြောင်း UNမှ စနေနေ့က ကြေငြာခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးမှုမရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
|
|