မိုးလေ၀သအခြေအနေ

 နေပြည်တော်၊ မြန်မာ

ဗုဒ္ဓဟူးနေ့

(၈၊ ၉၊၂၀၁၀)

၄၁´(မြင့်)  ၂၆´(နိမ့်)

တိမ်အသင့်အတင့် 

ဖြစ်ထွန်းပါမည်။

Hit Account

Content View Hits : 1410131
100706-2
အကောင်းဆုံး ခြေစွမ်းမရသေးဟု တောရက်ပြောဆို
ဂျိုဟန်ဘာခ်၊ ဇွန် (၅)ဆင်ဟွာ၊ ၂၀၁၀
 

 
    စပိန်တိုက်စစ်မှူး တောရက်စ်မှ တနင်္လာနေ့က ယင်း၏ဒူးခေါင်းခွဲစိတ်မှုမှ ယင်းမှကြံ့ခိုင်မှု အပြည့်မရသေးကြောင်း ပြောဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် စပိန်အသင်းမှာ ဂျာမဏီနှင့် အကြိုဗိုလ်လုပွဲ ကစားရမည်ဖြစ်ပြီး လီဗာပူး တိုက်စစ်မှူး တောရက်စ်က ယင်း၏ကြံ့ခိုင်မှုနှင့်ပတ်သက်ပြီး ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

    အသက် (၂၆) နှစ်အရွယ်ရှိ တောရက်မှာ (၄) ပွဲကစားပြီး ဂိုးမသွင်းနိုင်ခဲ့ပဲ စနေနေ့က ပါရာဂွေးကို (၁-၀) ဖြင့် အနိုင်ရစဉ်ကလည်း ဂိုးမသွင်းနိုင်ခဲ့ပဲ ယင်းအတွက် တောင်အာဖရိက၌ အခက်အခဲဆုံးအချိန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

    စပိန်နည်းပြ ဒယ်ဘောစ်မှ တနင်္ဂနွေနေ့က အကြံပြုခဲ့ရာတွင် ယင်းအနေဖြင့် တောရက်စ်ကို ယုံကြည်သော်လည်း ဗုဒ္ဓဟူးနေ့ပွဲတွင် ယင်းအား ပထမကစားသမားအနေဖြင့် ထားမည်မဟုတ် ကြောင်း  ပြောဆိုခဲ့သည်။ ၂၀၀၈ ဥရောပချန်ပီယံရှစ်၌ စပိန်သည် ဂျာမဏီအား တောရက်စ်၏သွင်းဂိုးတစ်ဂိုးတည်းဖြင့် အနိုင်ရရှိခဲ့သည်။