မိုးလေ၀သအခြေအနေ

 နေပြည်တော်၊ မြန်မာ

ဗုဒ္ဓဟူးနေ့

(၈၊ ၉၊၂၀၁၀)

၄၁´(မြင့်)  ၂၆´(နိမ့်)

တိမ်အသင့်အတင့် 

ဖြစ်ထွန်းပါမည်။

Hit Account

Content View Hits : 1410127
100705-2
ဖိလစ်ပိုင်နိုင်ငံ၌ မော်တော်ယာဉ်တိုက်မှုဖြစ် ၁၅ ဦးသေ၊ ၄၈ ဦးဒဏ်ရာရ
မနီလာ၊ ဇူလိုင် ၄ (ဆင်ဟွာ)၊ ၂၀၁၀
 

 
        မနီလာနိုင်ငံတွင် လွန်ခဲ့သော စနေနေ့နေ့လည်က ခရီးသည်တင် ဘတ်စကားတစ်စီး အရှိန်ဖြင့် ကျောင်းတစ်ကျောင်းအနီးရှိ အုတ်တံတိုင်းကို ၀င်တိုက်မိရာ အနည်းဆုါံ်လူပေါင်း (၁၅)ဦး သေဆုံးကာ ၄၈ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။ ယင်းမှာ ဒွန်အန်ဒရက်ဆိုရီယာနို အမျိုးသားကျောင်းအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းမှာ တိုလာဒိုမြို့၌ ဖြစ်ကြောင်းသိရသည်။

        ယာဉ်မောင်းဖြစ်သူ အသက် (၄၈) နှစ် အရွယ်ရှိ ဒီယိုဆဒိုရီကွယ်ဇိုမှ ပြောဆိုရာတွင် ကား၏ ဘရိတ်ပေါက်သွားပြီး မှောက်မသွားရန် ကြိုးစားခဲ့ရကြောင်း၊ ယင်းမှာညနေ ၅ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ယာဉ်မောင်းအား တိုလာဒိုမြို့ ရဲတပ်ဖွဲ့စခန်း၌ ဖမ်းဆီးထားပြီး ယင်းမှာ ကားကို ဂရုတစိုက် မမောင်းခြင်းအတွက် တရားစွဲဆိုခံရမည်ဖြစ်သည်။ ယင်း ဘတ်စ်ကားပေါ်၌ ခရီးသည် (၇၀) ပါဝင်ခဲ့ပြီး ယင်းမှာ (၅၀) ဦးသာ ဆန့်သော ကားဖြစ်ကြောင်း သိရသည်။ ဇွန် (၁၃) ရက်ကလည်း စီပူဒေသ ဘလက်ဘမ်းတွင် အီရန် ဆေးကျောင်းသားများနှင့် ဆရာဝန် အများစု ပါဝင်သော ကမ္ဘာ့လှည့်ခရီးသည်တင်ကား တိမ်းမှောက်ခဲ့ရာ လူပေါင်းအနည်းဆုံး (၂) ဦး သေဆုံးကာ ၂၀ ဦးမှာ အီရန်နိုင်ငံသားများဖြစ်သည်။