မိုးလေ၀သအခြေအနေ

 နေပြည်တော်၊ မြန်မာ

ဗုဒ္ဓဟူးနေ့

(၈၊ ၉၊၂၀၁၀)

၄၁´(မြင့်)  ၂၆´(နိမ့်)

တိမ်အသင့်အတင့် 

ဖြစ်ထွန်းပါမည်။

Hit Account

Content View Hits : 1410095
100705-1
ဘရာဇီးအသင်းအား ပြန်၍နည်းပြလုပ်ရန် စိတ်ဝင်စားသည်ဆိုခြင်းအား စကိုလာရီငြင်းဆန်
ဂျိုဟန်ဘာခ်၊ ဇူလိုင် (၄) ဆင်ဟွာ၊ ၂၀၁၀
 

 
    လွန်ခဲ့သောစနေနေ့က စကိုလာရီက ယင်းအား ဘရာဇီးနည်းပြလုပ်ရန် စိတ်ဝင်စားနေသည် ဆိုခြင်းကို ငြင်းဆန်သော်လည်း (၂၀၁၄) ကမ္ဘာ့ဖလားပြိုင်ပွဲကိုမူ ယင်း၏နိုင်ငံအသင်းအား နည်းပြရန် ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။

    စကိုလာရီမှ တောင်အာဖရိကတွင် ဘရာဇီးအယ်ဒိုရာဒို အသံလွှင့်ဌာနနှင့် တွေ့ဆုံရာတွင် ယင်းက ဒေသတွင်း TVတွင် သုံးသပ်သူ တာဝန်ထမ်းဆောင်လျက်ရှိပြီး ယင်းအနေဖြင့် ၂၀၁၂ ကျော် ထိ  မည်သည့်ကမ်းလှမ်းမှုမျှ လက်ခံနိုင်မည်မဟုတ်ကြောင်း သို့သော် ယင်း၏အလုပ်ကို ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဘရာဇီးနည်းပြဖြင့် အဆုံးသတ်လိုကြောင်း ပြောဆိုခဲ့သည်။

    ဘရာဇီးအသင်း ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် နယ်သာလန်ကို (၂-၁) ဖြင့် ရှုံးနိမ့်ပြီး နောက် နည်းပြဒွန်ဂါက အသင်းကို ဆက်လက်နည်းပြမည် မဟုတ်ကြောင်း ပြောဆိုခဲ့ပြီးနောက် စကိုလာရီမှာ ထိပ်ဆုံးမှ အသင်းနည်းပြသစ် ဖြစ်လာရန် ရေပန်းစားခဲ့သည်။

    ယင်းက ယင်းမှာ ပါးမားရက်နှင့် (၂) နှစ် သဘောတူစာချုပ်ချုပ်ပြီးဖြစ်ကြောင်း ယင်း (၂) နှစ်ပြီးမှသာ နိုင်ငံနည်းပြ ဆောင်ရွက်ရန် စိတ်ကူးရမည်ဟု ပြောဆိုခဲ့သည်။ ဘရာဇီးမှာ ၁၉၅၀ နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်ခွင့်အား (၂၀၁၄) တွင် ရရှိထားသည်။