လှုပ်ရှားမှုများ
သတင်းစုံကဏ္ဍ
ကျေးလက်ကဏ္ဍ
ဖျော်ဖြေရေးကဏ္ဍ
မိုးလေ၀သအခြေအနေ
နေပြည်တော်၊ မြန်မာ ဗုဒ္ဓဟူးနေ့ (၈၊ ၉၊၂၀၁၀) ၄၁´(မြင့်) ၂၆´(နိမ့်) တိမ်အသင့်အတင့် ဖြစ်ထွန်းပါမည်။ |
Hit Account
Content View Hits : 1410138
|
ကမ္ဘာ့ဖလား အုပ်စုပွဲ အနိုင်ရမှုအတွက် ဂါနာပရိတ်သတ်အောင်ပွဲခံ ဘေဂျင်း၊ ဇွန် (၁၅) ၊ ၂၀၁၀
အာဖရိကတိုက်၏ ပထမကမ္ဘာ့ဖလားပွဲတွင် ဆားဘီးယားအသင်းအား အံ့အားသင့်ဖွယ် အနိုင်ရပြီးနောက် အာဖရိက၏ ပထမဆုံးအောင်ပွဲခံသော အသင်းဖြစ်လာခဲ့သည်။ ပက်ထရိုရီးယား၌ လွန်ခဲ့သောတနင်္ဂနွေနေ့က ကျင်းပသော ပြိုင်ပွဲအပြီးတွင် ဂါနာအသင်းအား အားပေးသူများသည် ပျော်မြူးစွာကခုန်၊ အော်ဟစ်ပြီး ယင်းတို့နိုင်ငံ၏ အလံအား ဂုဏ်ယူဝံ့<ကားစွာ ဝှေ့ယမ်းခဲ့ကြသည်။
ဂါနာအသင်းအား အားပေးသူ အမြောက်အမြားက ကွင်းအတွင်း အားပေးကူညီခဲ့ပြီး အသင်းအားပေးသူများကလည်း အသင်း၏ နိုင်ပွဲဆက်မည်ဟု ယုံကြည်ခဲ့ကြသည်။ ဂါနာအသင်း အားပေးသူတစ်ဦးမှ ယင်းတို့နောက်တစ်ဆင့်သို့ တက်ရောက်မည်ဟု ယုံကြည်ကြောင်း၊ ယှဉ်ပြိုင်မည့် အသင်းတိုင်းကို အနိုင်ယူမည်ဖြစ်ကြောင်း၊ အာဖရိကကို ဂုဏ်ယူနိုင်ရန် မိမိတို့ဤနေရာသို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ယင်းက ကမ္ဘာ့ဖလားမှာ အာဖရိကတိုက်အတွင်း၌ ရှိနေမည်ဖြစ်ပြီး အာဖရိကတိုက်အပြင်သို့ ထွက်သွားမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
|
|