ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ ရွှေကျင်မြို့ မဟာပညာဗိမာန် ပရဟိတကျောင်းမှ တိုက်အုပ်ဆရာတော် ဦးစန္ဒိမာ ဦးဆောင်သော ပရဟိ တကျောင်းသူ၊ ကျောင်းသားများ လေ့လာရေးခရီး ကြို ဆိုနှုတ်ဆက်
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့၊ မဟာပညာဗိမာန်ပရဟိတကျောင်းမှ တိုက်အုပ် ဆရာတော် ဦးစန္ဒိမာ ဦးဆောင်သော ပရဟိတကျောင်း မှ ကျောင်းသူ၊ ကျောင်း သား (၁၂၀) ဦးနှင့် ဆရာ၊ ဆရာမ (၃) ဦးတို့သည် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ပါတီဌာနချုပ်မှူး ဦးအောင်နိုင်ထွန်းနှင့် တာဝန်ရှိသူ များမှ ကြိုဆိုကြသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ ကြွရောက်လာသော သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်
ဆက်လက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ ကြွရောက်လာသော သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး လေ့လာရေး ကျောင်းသူ၊ ကျောင်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား၍ ပရဟိတကျောင်း ငွေပဒေသာပင် အလှူငွေနှင့် ကျောင်းသုံး ဗလာစာအုပ်များ၊ လက်ဆောင်ပစ္စည်းများ၊ ဆရာ၊ ဆရာမများအတွက် အ၀တ်အထည်များအား ပေးအပ် လှူဒါန်းပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ လေ့လာရေး ကျောင်းသူ၊ ကျောင်းသားများအား ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားစဉ်
ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ ပရဟိတကျောင်း ငွေပဒေသာပင် အလှူငွေနှင့် ကျောင်းသုံး ဗလာစာအုပ်များ၊ လက်ဆောင်ပစ္စည်းများ၊ ဆရာ၊ ဆရာမများအတွက် အ၀တ်အထည်များအား ပေးအပ် လှူဒါန်းစဉ်
၎င်းနောက် တိုက်အုပ်ဆရာတော် ဦးစန္ဒိမာ မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
တိုက်အုပ်ဆရာတော် ဦးစန္ဒိမာ မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားစဉ်
ထို့နောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် တာဝန်ရှိသူများမှ ဆရာတော် သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြသည်။
ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် တာဝန်ရှိသူများမှ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းစဉ်
လေ့လာရေးအဖွဲ့သည် ဥပ္ပတသန္တိစေတီတော်၊ တိရိစ္ဆာန်ဥယျာဉ်နှင့် ရေပန်းဥယျာဉ်များသို့ ဖူးမြော် လေ့လာပြီး လေ့လာရေးခရီးစဉ်တစ်လျှောက် အစဉ်ပြေချောမွေ့စေရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးစဉ်