You must have the Adobe Flash Player installed to view this player.

2032013

၂၅နှစ်အရွယ် ကစားသမား တစ်ဦးကဲ့ သို့ ဒေးဗစ်ဘက်ခမ်း ကစားနိုင်ဆဲ

ဒေးဗစ်ဘက်ခမ်းသည် အသက် ၂၅ နှစ်အရွယ် ကစားသမား တစ်ဦးကဲ့သို့ တက်ကြွစွာ ကစားလျက်ရှိ သည် ဟု အသင်းဖော် တစ်ဦးဖြစ်သူ ဇီလတန် အီဘရာ ဟီမိုဗစ်ကပြောကြား ထားကြောင်း သိရသည်။

 ဒေးဗစ်ဘက်ခမ်း

အသက် ၃၇ နှစ်ရှိ ဘက်ခမ်း၏ စိန့်အက်တီယန်အသင်းနှင့် ကစားခဲ့သော ပွဲစဉ်သည် ပဲရစ်စိန့်ဂျာမိန်းသို့ ငါးလစာချုပ်ဖြင့် ၎င်းရောက်ရှိပြီး ပထမဆုံးမိနစ်ကိုးဆယ်ပြည့် ကစားခဲ့ရသော ပွဲစဉ်ဖြစ်သည်။

ဘက်ခမ်းအား မိမိတို့စာချုပ်ချုပ်ဆို ခေါ်ယူစဉ်အချိန်က ၎င်း၏ ခြေစွမ်းကောင်းများသည် အတိတ်တွင် ကျန်ခဲ့ပြီဟု အများကတွေးတောကြလိမ့်မည်ဟု ထင်ရသော်လည်း ယခုအခါတွင် ၎င်းအသံများအားလုံး တိတ်ဆိတ်သွားပြီဖြစ်ကြောင်း အီဘရာဟီမိုဗစ်က ပြောကြားထားသည်။

ကစားပွဲတစ်ပွဲ၌ ကွင်းလယ်ဗဟိုသည် အင်အားအများဆုံး လိုအပ်သော နေရာဖြစ်ပြီး ဘက်ခမ်းသည် ၎င်းနေရာအတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်ရုံသာမက မိနစ် ၉၀ ပြည့်အောင် ပြေးနိုင် စွမ်းရှိသလို အားအင်အပြည့်ဖြင့် ဘောလုံးအားဖြတ်ထုတ်နိုင်ဆဲ ကစားသမားဖြစ် သည်ဟုလည်း အီဘရာဟီမိုဗစ်က ပြောကြားထားသည်။

ဘက်ခမ်းသည် မိမိတို့အတွက် အလွန်အရေးကြီးသော ကစားသမား တစ်ဦးဖြစ်ပြီး ၎င်းအနေဖြင့်လည်း ကောင်းစွာကစားနိုင်သေးကြောင်း ပဲရစ်စိန့်ဂျာမိန်းအသင်း၏ နည်းပြကားလို့စ် အန်ဆယ်လော့တီက ပြောကြားထားသည်။