You must have the Adobe Flash Player installed to view this player.

1932013

မန်စီးတီးကွင်းလယ်လူ နာဆရီအား ပဲရစ်စိန့်ဂျာမိန်းခေါ်ယူရန် အရှိန်မြှင့်ကြိုးပမ်းလျက်ရှိ

ပြင်သစ်ကလပ်အသင်း တစ်သင်းဖြစ်သော ပဲရစ်စိန့်ဂျာမိန်း အသင်းသည် မန်စီးတီး ကွင်းလယ်ကစား သမား ဆမာနာဆရီအား စာချုပ်ချုပ်ဆိုခေါ်ယူရန် တိုးမြှင့်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

မန်စီးတီးအသင်း၏ ကွင်းလယ်ကစားသမား ဆမာနာဆရီ

အဆိုပါ ကွင်းလယ်ကစားသမားသည် ယခုနှစ်ရာသီအတွင်း မန်စီးတီး၏ ပရီးမီးယားလိဂ် ပွဲများတွင် တစ်ဝက်သာ ပါဝင်ကစားထားရပြီး နည်းပြ မန်စီနီ၏ မျက်နှာသာပေးမှုနှင့် အလှမ်းကွာဝေးလျက်ရှိသည်။

နည်းပြ မန်စီနီသည် ပြင်သစ်ကစားသမား နာဆရီ၏ ခြေစွမ်းအား လူသိရှင်ကြားဝေဖန်ပြစ်တင်ထားသည်။

၎င်းကစားသမားသည် ၂၀၁၁ ခုနှစ်တွင် အာဆင်နယ်မှ ပေါင် ၂၄ သန်းဖြင့် မန်စီးတီးသို့ ရောက်ရှိလာ ခြင်းဖြစ်ပြီး ပြီးခဲ့သောရာသီက မန်စီးတီး၏ ဖလားရရှိရေးတွင် ကူညီပေးနိုင်ခဲ့သူဖြစ်သည်။

နာဆရီသည် လာမည့်နှစ် ကမ္ဘာ့ဖလားပွဲများ မတိုင်မီ ၎င်း၏ အနာဂတ်အတွက် အလွန်စိုးရိမ်ပူပန် လျက်ရှိသည်။