မိုးလေ၀သအခြေအနေ

 နေပြည်တော်၊ မြန်မာ

ဗုဒ္ဓဟူးနေ့

(၈၊ ၉၊၂၀၁၀)

၄၁´(မြင့်)  ၂၆´(နိမ့်)

တိမ်အသင့်အတင့် 

ဖြစ်ထွန်းပါမည်။

Hit Account

Content View Hits : 1410180
010202-1
ဘရာဇီးကစားသမား ရော်ဘင်ဟိုဆန်းတို့စ်ကစားသမားအဖြစ် ရောက်ရှိ
ရီယိုဒီဂျန်နရီယို၊ ဖေဖော်ဝါရီ (၁) ဆင်ဟွာ
        ယခင်ရီးယဲမက်ဒရစ်နှင့် မန်စီးတီးကစားသမား ရော်ဘင်ဟိုမှာ လွန်ခဲ့သော တနင်္လာနေ့က ပီလီနှင့်အတူ ရဟတ်ယာဉ်ဖြင့် ဆန်းတို့စ်ပရိတ်သတ် ထောင်ပေါင်းများစွာနှင့် တွေ့ဆုံရန် ထွက်ခွာသွားခဲ့သည်။

    လွန်ခဲ့သော တစ်ပတ်က မန်စီးတီးအသင်းသည် ယင်းတို့၏အသက် ၂၆ နှစ်အရွယ်ရှိ ဘရာဇီး ကစားသမား ရော်ဘင်ဟိုအား ဆန်းတို့သို့ (၆) လ အငှားချထားခဲ့ပြီး ယင်း၏ခြေစွမ်းတက်လာရေး မျှော်လင့်လျက်ရှိပါကြောင်း ကြေညာခဲ့သည်။

    ပီလီမှ ရော်ဘင်ဟို၏ အတွေ့အကြုံမှာ အရေးပါပြီး ယင်းမှာ ဆန်းတို့စ်အသင်း၏ ကစားသမား ငယ်များအတွက် နမူနာကောင်းဖြစ်လာမည်ကို ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ ရော်ဘင်ဟိုသည် ရီးယဲမှ မန်စီးတီးသို့ ၂၀၀၈က ပေါင် ၃၂.၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ယင်းမှာ ၁၉ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူခဲ့ကာ ယခုရာသီတွင်မူ တစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။

    ရော်ဘင်ဟိုသည် ဆန်းတို့စ်တွင် ကျောနံ့ပါတ် (၇) ၀တ်ဆင်မည်ဖြစ်ပြီး ယင်း ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ရန် မျှော်လင့်နေကြောင်း ဆန်းတို့စ်၌ ကောင်းမွန်စွာကစားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆည်မည်ဖြစ်ကြောင်း ယင်းကပြောဆိုခဲ့သည်။