You must have the Adobe Flash Player installed to view this player.

ဌာနချုပ်

842013-2

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ လေ့လာရေး ပါတီဝင်များအား ပါတီဒုတိယဥက္ကဋ္ဌနှင့် ပါတီ ဗဟို အလုပ် အမှုဆောင်များ တွေ့ဆုံနှုတ်ဆက်

၂၀၁၃ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့တွင် နေပြည်တော်သို့ လေ့လာရေးခရီး လာရောက်ကြသော မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် (၁၉၆) ဦးအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ခန်းမဆောင်၌ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် မွန်ပြည်နယ်တာဝန်ခံ ဦးမောင်ရှိန်တို့က ရင်းနှီးစွာ လက်ခံတွေ့ဆုံ နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ လေ့လာရေးအဖွဲ့ဝင်များအား ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးမောင်ရှိန် တို့မှ နှုတ်ခွန်းဆက်စကားပြောကြားစဉ်

မွန်ပြည်နယ်မှ လေ့လာရေးအဖွဲ့ဝင် ပြည်ခိုင်ဖြိုးပါတီဝင်များ

Read more...

842013

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦးသည် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် မဲအမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းစိုး၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း ဧရာဝတီတိုင်းဒေသ ကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေး မှူးနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတခရိုင်၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေး မှူးနှင့် အလုပ်အမှုဆောင်များနှင့်အတူ မတ်လ (၃၁) ရက်နေ့ နေ့လည် (၁) နာရီ (၃၀) မိနစ်က ဟင်္သာတ မြို့နယ် တောင်စုကျေးရွာ အခြေခံပညာမူလ တန်းကျောင်း သို့ရောက်ရှိပြီး ဇေယျာသီရိ မိုးကောင်းကျောင်း တိုက် ဆရာတော် ဦးအဂ္ဂဓမ္မ အားဖူးမျှော် ကြည်ညိုကာ ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။ ထို့နောက် ဒေသခံပြည် သူများ၏ တင်ပြချက်အရ တည်ဆောက်ဆဲ စေတီတော် အတွက် အလှူငွေ ကျပ်သိန်း (၃၀) အားလှူဒါန်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး နှင့် အလှူရှင်များမှ အလှူငွေကျပ် သိန်း (၃၀) လှူဒါန်းစဉ်

Read more...

542013

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်၊ အမှတ် (၂) အခြေခံပညာ မူလ တန်းကျောင်း၊ တစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲသို့ တက်ရောက်

ဂျပန် မြန်မာချစ်ကြည်ရေး ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ အခြေစိုက် AEON Company နှင့် Japan Committee for UNICEF တို့ ပူးပေါင်းဆောက် လုပ်သော ရန်ကုန်တိုင်းဒေ သကြီး လှိုင်သာယာ မြို့နယ်၊ အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်း၊ တစ် ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်း အနားကို ၂၀၁၃ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ နံနက် (၈)နာရီ (၃၀)မိနစ်အချိန်တွင် အဆိုပါကျောင်း၌ပြုလုပ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး၊ လှိုင်သာယာ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်ဝင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Mikio Numata နှင့် တာဝန်ရှိသူ များ၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး Mr. Christoph Burgener နှင့် တာဝန်ရှိသူများ၊ UNICEF ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel နှင့်တာဝန်ရှိသူများ၊ AEON 1% Club ဥက္ကဋ္ဌ Mr. Naoki Hayashi နှင့် တာဝန်ရှိသူများ၊ UNICEF ဂျပန်အမှုဆောင် အရာရှိချုပ် Mr. Ken Hayami၊ ပညာရေးဝန်ကြီးဌာန၊ အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်နှင့် တာဝန်ရှိသူများ၊ မြောက်ပိုင်းခရိုင် ပညာရေးမှူး ဦးအောင်တိုးနှင့် တာဝန်ရှိသူများ၊ လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံမှ ကျောင်းသူ ကျောင်း သားလေးများနှင့် ၎င်းတို့၏ မိဘများ၊ အဆိုတော်များ၊ အားကစားသမားများ၊ ရပ်မိရပ်ဖများ၊ ကျောင်း အကျိုးတော်ဆောင် အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ လှိုင်သာယာ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် များ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Mikio Numata နှင့် တာဝန်ရှိသူများမှ  ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်

Read more...

442013

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး မှ ရွှေနိုင်ငံသစ် သတင်းစာ အတွက် ပေးပို့သော သ၀ဏ်လွှာ

၁။  ပြည်သူများ၏ အဓိကလိုအင်ဆန္ဒမှာ တည်ငြိမ်အေး  ချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်လာမှုတို့အား ရရှိခံစားလိုကြခြင်းဖြစ် သည်။ ပြည်သူများသည် တည်ငြိမ်အေးချမ်းမှုကို လိုလားကြ သည်။ တည်ငြိမ်အေးချမ်းမှု မရှိသော ပတ်ဝန်းကျင်နှင့် တည်ငြိမ်အေး ချမ်းမှုကို ထိခိုက်ပျက်စီးစေနိုင်သော မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို မလိုလားကြပါ။ နိုင်ငံကို ချစ်သော ပြည်သူ တိုင်းသည် မိမိတို့၏ နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေးနှင့် ထာဝစဉ် ဖွံ့ဖြိုးတိုးတက်နေမှုကို လိုလားကြသကဲ့သို့ မိမိတို့ တစ်ဦးချင်းစီ၏ လူမှု စီးပွားရေးဘ၀ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း လိုလားကြသည်။ ပြည်သူ တို့သည် ဥပဒေအရ ပေးအပ်ထားသော နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီ ကျင့်စဉ်ပါ လူ့အခွင့်အရေးများ ရရှိ ခံစားလိုကြသည်။

 

Read more...

342013-1

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ကိုရီးယားနိုင်ငံ KT Strategic Investment Department မှ Mr. Sangwook Seo လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အား ကိုရီးယားနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော KT Strategic Investment Department ၏ ဒုတိယဥက္ကဋ္ဌ Mr. Sangwook Seo သည် ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ ကိုရီးယားနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော KT Strategic Investment Department ၏ ဒုတိယဥက္ကဋ္ဌ Mr. Sangwook Seo အား အမှတ်တရလက်ဆောင် ပေးအပ်စဉ်

Read more...